အရိုးထိအောင်ရူး(10)(Z+U)

3.3K 329 28
                                    


“ခင်များ ဘာလာလုပ်တာလဲ kim jongin!"

အဖေ့မျက်စိအောက်က လွတ်သည်နှင့် ခက်ထန်ထန် မေးလိုက်ပါတယ်

“အဟင်း!! ကိုယ့်ချစ်သူဆီလာတာလေ ဘာဖြစ်လို့လဲ ကလေးရဲ့"

“တော်စမ်းပါ!! ဘယ်မှာလဲ ခင်များချစ်သူ"

“ဟော!! ကလေးက အသက်ငယ်ငယ်လေးပဲ ရှိသေးတယ် မေ့တတ်လိုက်တာကွာ ကိုယ့်ချစ်သူက..ဒီမှာလေ ကိုယ့်မျက်စိရှေ့မှာ ရပ်နေတဲ့ကောင်လေးက ကိုယ့်ချစ်သူပေါ့"

“ခင်များ ရူးနေလား kim jongin!! ခင်များကို ပြောထားပြီးသား ခင်များနဲ့ ကျွန်တော်နဲ့ ဘာမှမပတ်သက်တော့ဘူးလို့ အဲ့ဒါကြောင့် ကိုယ့်လမ်းကိုယ်သွားပါ ကျွန်တော့ကို မနှောင့်ယှက်ပါနဲ့"

“ခက်တာပဲကွာ!! ကောင်လေးရယ်..အဲ့ဒါက မင်းဘက်ကပဲ လမ်းခွဲနေတာလေ ကိုယ်ကမှ မင်းကိုလမ်းခွဲမပေးတာ ကိုယ်လေ မင်းမကြိုက်တာ ဘာလုပ်မိလဲလို့ တချိန်လုံးစဉ်းစားနေမိတယ် ဘယ်လိုမှ စဉ်းစားလို့မရဘူးကွာ ဒါပေမဲ့ ကိုယ်စဉ်းစားမိတာ တစ်ခုတော့ရှိတယ်သိလား အဲ့ဒါဘာလဲဆိုတော့ ကိုယ့်ကို လမ်းခွဲဖို့ဆုံးဖြတ်တာ kim suhoကြောင့်လား?"

လူကြီးရဲ့ စကားတွေက အေးစက်မာကြောစွာ မျက်လုံးထဲကအစ အေးစက်စက်

ခံစားချက်မရှိတဲ့ အရိပ်အယောင်တွေ တွေ့နေရသဖြင့် ကျွန်တော်လည်း ကြက်သီးမွှေးညင်းများ ထသွားပါသည်။

“ဘာ__ဘာမှမဟုတ်ဖူး သူနဲ့ဘာမှမဆိုင်ဘူး"

“မဆိုင်ဘူးဆိုရင်တော့ ကောင်းတာပေါ့ တကယ်လို့များ သူ့ကြောင့်ဆိုရင်တော့ အဲ့ဒီကောင်ကို ဒီလောကကြီးက မောင်းထုတ်ပစ်ဖို့ပဲ ရှိတော့တယ်"

“ခင်များကို အဲ့ဒါတွေကြောင့် မုန်းတာ အဲ့ဒါတွေကြောင့် ရွံကြောက်ကြီး ဖြစ်နေတာ ရှင်းလား!!!"

ဖြစ်ချင်ရာဖြစ် မျက်စိစုံမှိတ်ပြီးတော့ ပြောပစ်လိုက်ပါတယ် ဟုတ်တယ်လေ ထစ်ခနဲရှိ သတ်မယ် ဖြတ်မယ် တကဲကဲနဲ့ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ

“အော်!! ကဲ!! ကလေးရယ် ကိုယ့်အချစ်တွေကို မမြင်ဘူးလားကွာ ကဲပါ ထားပါတော့ အခုကိုယ်နဲ့ လိုက်လာပြီဆိုတော့ ဟိုအိမ်လေးကိုပဲ သွားကြရအောင်နော် ကားပေါ်တက် ကောင်လေး!"

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Where stories live. Discover now