ကျွန်တော်လည်း ကားပေါ်ရောက်သည်နှင့် သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ ငါးမြွေထိုးbaekအား မေးလိုက်ပါသည်။“baek! မင်းငါ့ကို ရှင်းပြမယ်ဆို"
Baekက ကျွန်တော့အမေးကို မဖြေပဲ ခေါင်းကို ထိုင်ခုံနောက်တွင် မှီလိုက်ပြီး မျက်လုံးမှိတ်ထားပါသည်။
“ဟေ့!! Baek, ငါမင်းကိုမေးနေတယ်လေ"
“kyungsoo ငါအခုအရမ်းပင်ပန်းနေတယ် ခဏလောက် အေးအေးချမ်းချမ်း နေပါရစေ ဒီနေ့ည မင်းအိမ်မှာ ငါညအိပ်မယ် အဲ့ဒီအချိန်ကျတော့ မင်းသိချင်တာ အကုန်လုံး ငါရှင်းပြပါ့မယ် ဟုတ်ပြီလား အခုလောလောဆယ်တော့ please, ခဏလောက် နားပါရစေ"
Baekရဲ့ပုံက တော်တော်ကြီး ပင်ပန်းလာသည့်ပုံမို့ ကျွန်တော်လည်း ဘာမှဆက်မမေးတော့ပဲ တိတ်တဆိတ်သာ လိုက်လာခဲ့လိုက်ပါတော့သည်။
Kim jongin၏ driverက ကျွန်တော့အိမ်ရှေ့ထိ ပြန်ပို့ပေးသွားခဲ့ပါသည်။
အိမ်ဘက်ကို လှမ်းကြည့်လိုက်တော့ မှောင်နဲ့မည်းမည်း အဖေပြန်မရောက်သေးဘူး ထင်ပါရဲ့
ကျွန်တော်လည်း ခြံတံခါးကိုဖွင့်လိုက်ပြီး အိမ်ထဲဝင်လာခဲ့ပါသည်။
နံရံမှမီးခလုတ်ကို ဖွင့်လိုက်မှ တအိမ်လုံးလင်းထိန်သွားခဲ့ပါတယ်
“လာလေbaek! ထိုင်ချင်လည်းထိုင် မထိုင်ချင်ဘူးဆိုလည်း အခန်းထဲလိုက်ပို့ပေးမယ်"
“မထိုင်တော့ပါဘူး kyungsooရာ ငါလန်းသွားအောင် ရေချိုးချင်တယ်"
“ကောင်းပြီလေ အဲ့ဒါဆို ငါ့အခန်းထဲလိုက်ခဲ့တော့"
Baekက လေးလံသောခြေလှမ်းများဖြင့် ကျွန်တော့အနောက်မှ လိုက်လာခဲ့ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေချိုးခန်းထဲသို့ baek၀င်သွားသဖြင့် ကျွန်တော့လည်း အဖေ့အခန်းသို့သွားကာ ရေချိုးလိုက်ပါတော့တယ်
ကျွန်တော်ရေချိုးပြီးသွားလို့ အခန်းထဲပြန်လာတော့ baekသည်လည်းပဲ ရေချိုး၍ပြီးသွားပါပြီ
“sorry!! သူငယ်ချင်း ငါအရမ်းနှုန်းနေလို့ ရေစိမ်လိုက်တာ ကြာသွားတယ် ဒါနဲ့ မင်းရဲ့အဖေရော ပြန်မလာသေးဘူးလား"
![](https://img.wattpad.com/cover/125227438-288-k590066.jpg)
ESTÁS LEYENDO
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanficDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....