အရိုးထိအောင်ရူး(8)(Z+U)

3.1K 301 12
                                    


“ဟေ့!! kyungsooလေး ကျောင်းသွားတော့မလို့လား"

တစ်ယောက်တည်း အတွေးနှင့် ကျောင်းကိုလျှောက်လာစဉ် အနောက်မှ ကျွန်တော့နာမည်ကို လှမ်းခေါ်ပြီး နှုတ်ဆက်လာသော အသံကြောင့် နောက်လှည့်ကြည့်လိုက်တော့

ဘေးအိမ်က အစ်ကိုကြီးKim suhoရယ်ပါ ဘယ်သွားမလို့ပါလိမ့်

“ဟုတ်ကဲ့!!အစ်ကို ကျွန်တော်ကျောင်းသွားတော့မလို့ပါ အစ်ကိုရော ဘယ်လဲ"

လူ့ကျင့်ဝတ် လူ့ဝတ္တရားရှိသည့်အတိုင်း ကျွန်တော်လည်း ပြန်လည်နှုတ်ဆက်လိုက်ပါတယ်

“မြို့ပြင်ဘက်ကို အလုပ်ကိစ္စရှိလို့ ခဏသွားမလို့ပါ ဒီရက်ပိုင်း ဦးလေးDoကိုမတွေ့ဘူးနော် နေကောင်းရဲ့လား"

“ဟုတ်ကဲ့ ကောင်းပါတယ် အစ်ကို! အဖေက ဒီရက်ပိုင်း စက်ရုံလုံခြုံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အိမ်ကပ်ရတယ် မရှိပါဘူး.."

“အေးပေါ့ kyungsooလေးရာ!! အလုပ်ကိစ္စဆိုတာကတော့ အဲ့ဒီလိုပါပဲ"

Suhoအစ်ကိုနဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်

“ဟော! စကားတွေကောင်းနေလိုက်တာ kyungsooလေးရဲ့ကျောင်းရှေ့တောင် ရောက်နေပြီ အစ်ကိုသွားတော့မယ် ခွင့်ပြုပါဦးနော်"

“ဟုတ်ကဲ့အစ်ကို ဖြည်းဖြည်းနော် ဂရုစိုက်ပြီးသွားပါ"

suhoအစ်ကိုက ကျွန်တော့ကိုကျောင်းရှေ့ထိ လိုက်ပို့ပေးပြီး ကျောင်းထဲဝင်သွားမှ သူလိုရာကို ဆက်သွားခဲ့ပါတယ်

ဒီနေ့ တနေ့လုံး ကျွန်တော့စိတ်တွေလေးနေပါတယ် တချက်တချက် ကြက်သီးတွေကလည်း တဖျန်းဖျန်း ဘာမကောင်းတာများ ဖြစ်မှာမလို့လဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေပိုင်း ကျောင်းဆင်းသွားပြီဖြစ်ပေမဲ့ အိမ်စာမလုပ်ချင်သော ကျွန်တော်ကတော့ ကျောင်းမှာပဲ အိမ်စာကို ပြီးအောင်လုပ်လိုက်ပါတော့သည်။

အမှန်တော့ Kim jonginဆိုသည့် လူကြီးကို ရှောင်ချင်တာလည်း ပါ,ပါတယ်

လုပ်ရမည့် စာများအားလုံး ပြီးစီးသွားတော့ လက်မှနာရီကို ငုံ့ကြည့်လိုက်တယ် ငါးနာရီခွဲနေပါပြီ

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Donde viven las historias. Descúbrelo ahora