အရိုးထိအောင်ရူး(9)(Z+U)

3.1K 314 29
                                    


"မင်းကလည်းကွာ ဒီလောက်ထိ ကူညီလာပြီးမှ ဆက်ပြီးကူညီပါဦး"

ကျောင်းရောက်ရောက်ခြင်း baekhyunရဲ့ လက်ကိုဆွဲပြီး ကျောင်းခန်းရှေ့ သစ်ပင်အောက်သို့ ဆွဲခေါ်လာကာ Kim jonginနှင့် မတွဲနိုင်တော့ဟု ဖွင့်ပြောလိုက်ပါသည်။

"ငါလည်း ကူညီသင့်သလောက် ကူညီပြီးပြီပဲ baekရာ ငါ့ဘက်ကိုလည်း စဉ်းစားပေးပါဦး"

Baekhyunက မျက်နှာသူငယ်လေးနဲ့ ခေါင်းယမ်းလိုက်ပြီး

"ငါတောင်းပန်ပါတယ် kyungsooရယ် တကယ့်ကို တောင်းပန်ပါတယ်ကွာ"

"ဘာလဲ! မင်းက မပြောပေးနိုင်ဘူးဆိုတဲ့ သဘောလား ကောင်းပြီလေ အဲ့ဒါဆိုလည်း Kim jonginကို ငါ့နည်းငါ့ဟန်နဲ့ပဲ ဖွင့်ပြောရတော့မှာပေါ့ ငါက မင်းကိုကျော်ပြီး မပြောချင်လို့ အသိပေးတာbaek"

"ငါတော့မင်းကို လုံးဝနားမလည်ဘူး kyungsoo!! jongက မင်းကိုရူးမတတ်ချစ်တာ အဲ့ဒါကို မင်းကဘာဖြစ်လို့ ပြန်မချစ်ရတာလဲ"

တကယ်လည်း Baekhyunနားမလည်တော့ပါ jongက kyungsooကို ဘယ်လောက်ထိချစ်လဲဆိုတာ ဘေးကလူတွေပင် မြင်နေရတာပဲ အဲ့ဒါကို kyungsooက ဘာဖြစ်လို့များ မခံစားမိရတာလဲ

"အဲ့ဒါတော့ ငါလည်းမသိဘူး baek!! ငါသိတာ တခုတည်းပဲ အချစ်ဆိုတာ လုပ်ယူလို့မရဘူး ဟိုလူကိုချစ်ပါ ဒီလူကိုချစ်ပါဆိုပြီးတော့လည်း စေခိုင်းလို့မရဘူး ဆိုတာပဲ အဲ့ဒါကြောင့် ငါ့နှလုံးသားကလည်း kim jonginဆိုတဲ့ လူကြီးအပေါ်မှာ ဘာခံစားချက်မှ ရှိမနေတာတော့ ငါလည်း မတတ်နိုင်ဘူးbaek!"

"ကောင်းပြီလေ မင်းဘက်ကမှ ခါးခါးသီးသီး ဖြစ်နေပြီဆိုတော့လည်း ဒီတခါ jongနဲ့တွေ့ဖြစ်ရင် ငါပြောပြလိုက်ပါ့မယ်"

"ရတယ်baek!! မင်းလူကြီးရဲ့ မျက်နှာကြောင့် အဲ့ဒီလူကို ပြောရခက်နေတယ်ဆိုရင် ငါကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ် ငါ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် ငါတောင်းပန်ပါတယ် သူငယ်ချင်း"

"ရပါတယ်sooရာ တောင်းပန်စရာမလိုပါဘူး တကယ်ဆို မင်းကိုတောင် ငါတို့က အားနာရဦးမှာ ငါတို့က Best friendတွေပဲ ဘာအကန့်မှမရှိဘူး အေးဆေး သူငယ်ချင်း"

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Nơi câu chuyện tồn tại. Hãy khám phá bây giờ