နွေ.....မိုး.....
ဆောင်း.....
ရာသီစက်ဝန်းတွေ သုံးခါလောက် ပြောင်းခဲ့ပြီ
ကျိုးပဲ့ပျက်စီးသွားခဲ့တဲ့ ဘ၀ ကျိုးပဲ့ပျက်စီးသွားခဲ့တဲ့ ရည်ရွယ်ချက်နှင့် ယုံကြည်မှု
ပြန်လည်တည်ဆောက်ဖို့အတွက် လုံလောက်သည့်အချိန်ဟု မဆိုနိုင်သော်လည်း ရရှိခဲ့သည့် စိတ်ဒဏ်ရာတွေအတွက်တော့ သက်သာစပြုသည့် အချိန်အတိုင်းအတာတစ်ခုဟု သတ်မှတ်လို့ ရနိုင်ပါတယ်...
သားအဖနှစ်ယောက်တည်း နေခဲ့သည့်အိမ်လေးက အခုတော့ သူတစ်ယောက်တည်း ခြောက်ကပ်အထီးကျန်စွာ
အဖေဆိုသည့်အတွေး ဦးနှောက်ထဲဝင်လာတိုင်း Kim jonginဆိုသည့်လူကြီးကို အသွေးထဲ အသားထဲက မုန်းတီးမိပါသည်။
ကျွန်တော့လို သားမိုက်ကို မွေးမိလို့ အဖေသေရတာ..
ခွင့်လွတ်ပါ အဖေရယ်... ကျွန်တော့ကို ခွင့်လွတ်ပါနော်...
ဖြည်မဆည်းနိုင်တဲ့ နောင်တတို့ဖြင့် ကိုယ့်ကိုယ်ကို နာကျည်းမုန်းတီးမိကာ ယူကျုံးမရဖြစ်မိတာက အကြိမ်ကြိမ်...
တစ်ခုတော့ တော်ပါသေးရဲ့....
ဒီလိုမျိုး အလဲလဲအပြိုပြို ဖြစ်နေတဲ့အချိန် ကျွန်တော့နံဘေးမှာ suhoအစ်ကို ရှိနေပေးလို့...
အစ်ကိုနဲ့ ပတ်သက်ပြီး ချစ်သူရည်းစားဆိုတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ခဲ့တာ Kim jonginရဲ့ အချုပ်အနှောင်က လွတ်လာကတည်းကပါ
ဒါပေမဲ့... suhoအစ်ကိုနဲ့ ကျွန်တော့ရဲ့ကြား စည်းတစ်ကြောင်း တားလိုက်ပါတယ်...
ကျွန်တော့လို မဖြူစင်တော့တဲ့သူဟာ Suhoအစ်ကိုရဲ့ ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေ မတန်တော့ဘူး မဟုတ်လား...
"ကိုယ့်ဆီကို ဘယ်တော့မှ ပြန်မလာတော့းဘူးလား...kyungလေး.."
"ခွင့်လွတ်ပါ အစ်ကို! ခွင့်လွတ်ပါဆိုတာထက် နားလည်ပေးပါဆို ပိုမှန်မယ်ထင်တယ်... ကျွန်တော်တို့နှစ်ယောက် ဘယ်လိုမှ မဖြစ်သင့်တော့ဘူးဆိုတာ အစ်ကိုနားလည်တယ်မလား..."
![](https://img.wattpad.com/cover/125227438-288-k590066.jpg)
YOU ARE READING
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanfictionDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....