သူတို့စီးလာတဲ့ ဂျစ်ကားလေးကတော့ တောလမ်းကြမ်းထဲ၌ အရှိန်အဟုန်ပြင်းစွာ သွားနေပါတယ်
လူကြီးက တောလမ်းခရီး တော်တော်ကျွမ်းကျင်တာပဲ
အနောက်က ပါလာတဲ့ ရဲကားတွေကလည်း ဇွဲနဘဲကြီးစွာဖြင့် အလွတ်မပေး
••Bang!!!! Bang!!!! Bang!!!•••
ခြောက်လှန့်သည့် ရဲတွေရဲ့ သေနတ်သံက ကျွန်တော်တို့ ဂျစ်ကားနံဘေးမှ တဝှီဝှီ ဖြတ်သန်းသွားကြပါတယ်
“လူ__လူကြီး... လက်နက်ချပြီး အဖမ်းခံလိုက်ပါတော့နော်"
ကျွန်တော်ကတော့ စိတ်လှုပ်ရှားစွာဖြင့် အဖမ်းခံဖို့ ပြောလိုက်ပါတယ်...
လူကြီးက ဘာစကားမှပြန်မပြောပဲ ကားကိုသာ ရှေ့တူရှု တစိုက်မတ်မတ်မောင်းနေပါတယ်
တနေရာအရောက် ရှေ့ဆက်သွားဖို့ လမ်းမရှိတော့.. သစ်ပင်တွေ ထူထပ်ထူပြောနေသည့် တနေရာတွင် ကျွန်တော်တို့ ကားကိုရပ်လိုက်ပါသည်။
ထို့နောက် လူကြီးက ကျွန်တော့ကို ကားပေါ်မှ ကမန်းကတန်းဆွဲကာ တောထဲခေါ်ပြေးပါတော့တယ်..
“ကျွန်တော့စကား နားထောင်ပါကိုကိုရယ်..ဘာဖြစ်လို့ အမှားတွေကိုပဲ ဆက်လုပ်ဖို့ ကြိုးစားနေရတာလဲ..."
မောမောပန်းပန်းဖြင့် လူကြီးကို ချော့ပြောလိုက်ပါတယ်
ဖိနပ်မပါပဲ လူကြီး ဆွဲခေါ်ရာနောက် တရွတ်ဆွဲ ပြေးလိုက်နေရသဖြင့် ဆူးငြောင့်ခလုတ်တွေနင်းမိကာ ခြေဖ၀ါးမှ သွေးတွေထွက်နေပြီ
“““KIM JONGIN!!! ခင်များ ပြေးလို့မလွှတ်ပါဘူး အေးအေးဆေးဆေး အဖမ်းခံပါ"""
အနောက်ရဲကားမှ လွင့်ပျံ့လာသည့် စပီကာသံ...
“ဟားဟား! Good bye!"
ခပ်လှောင်လှောင် နှုတ်ဆက်စကားပြောပြီးသည်နှင့် လူကြီးက သစ်ပင်တစ်ပင်မှ ကြိုးတစ်ခုကို ဖြတ်ချလိုက်ပါတော့သည်။
•••၀ှီးးး•••
ဆိုသည့် အရှိန်အသံနှင့်အတူ ကျွန်တော်တို့ ခေါင်းပေါ်မှ ဖြတ်သန်းသွားသည့် သစ်လုံးဆူးချွန်များနှင့် ပြုလုပ်ထားသော ကြီးမားသည့် ထောင်ချောက်တစ်ခု
YOU ARE READING
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanfictionDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....