အရိုးထိအောင်ရူး(4)(Z+U)

3.8K 338 5
                                    

“သြော်..Baekhyun!! လာထိုင်လေ"

ကျောင်းဆောင်ရှေ့ရှိ သစ်ပင်အောက် ခုံတန်းလျားလေးတွင် ထိုင်နေသော သူက Baekhyunထိုင်သာရန် ထိုင်ခုံတဖက်စွန်းသို့ နေရာရွေ့ပေးလိုက်ပါသည်။

ကျောင်းတက်နေတာပဲ တစ်လကျော် နှစ်လနီးပါးခန့်ရှိနေပြီဆိုတော့ ကျောင်းခန်းထဲက သူငယ်ချင်းတွေနဲ့လည်း တော်တော်လေး ရင်းနှီးနေပြီ

“ပျင်းနေပြီလား Kyungsoo!! မင်းဒီမှာ ကျောင်းတက်ရတာ မပျော်လို့လား"

Baekhyunက သူရွေ့ပေးလိုက်သော ထိုင်ခုံလေးတွင် ၀င်ထိုင်ရင်း စုပ်လုံးကို အားပါးတရစုပ်ကာ မေးလာခဲ့ပါသည်။

“အဟင်း!! ဒီလိုပါပဲ Baekhyunရာ လူဆိုတာတော့ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲမလား ငါလည်းငါ့အကြောင်းနဲ့ ငါဆိုတော့ ပျော်တာတွေမပျော်တာတွေ မရှိပါဘူး ဒါနဲ့ မင်းဘယ်သွားမလို့လဲBaek"

“ဘယ်မှမသွားပါဘူး မင်းတစ်ယောက်တည်း ထိုင်နေတာတွေ့လို့ အခန်းထဲက ထွက်လာတာ ပြီးတော့ ပြောစရာလေးလည်းရှိလို့ မင်းညနေကျရင် အားလား?Kyungsoo"

“အားပါတယ် ဘာဖြစ်လို့လဲ"

“ငါ မင်းကိုအကူအညီတောင်းစရာရှိလို့"

“ပြောလေ.. ငါဘာကူညီရမှာလဲ ပိုက်ဆံလိုလို့လား?"

“မ__မဟုတ်ပါဘူး ညနေကျရင် ငါ့ဘိုးတော်ရဲ့ မွေးနေ့ပွဲရှိတယ် မင်းကိုခေါ်သွားချင်လို့"

“ဘိုးတော်!!ဘာလဲ ဘိုးတော်?? မင်းရဲ့အဖေလား"

“ဟာ!!! ဘယ်ကသာ ဘိုးတော်ဆိုတာ ငါ့နှလုံးသားရဲ့ အရှင်သခင်ကြီးကိုပြောတာပါ"

“မသိပါဘူးကွာ! မင်းက ငါ့ဘိုးတော်ဆိုတော့ ငါလည်း မင်းအဖေကိုပြောတာလို့ပဲ ထင်မိတာပေါ့"

“အဟင်း!! မဟုတ်ပါဘူးKyungsooရာ သူကငါ့ထက် အသက်အများကြီးကြီးတယ်လေ အဲ့ဒါကြောင့် ဘိုးတော်လို့ခေါ်တာပါ!"

“ဟင်းးးမင်းရဲ့ ရည်းစားကလည်း အသက်အကြီးကြီးပဲ"

“ဟုတ်တယ် Kyungsooရ!! သူကအသက်ကြီးပြီဆိုပေမဲ့ အလတ်ကြီးပဲရှိသေးတယ် ပြီးတော့ ရေလည်းအတော်လျံတာ ငါ့ကိုအလိုလည်းလိုက်တယ် ငါလိုချင်တာ ငါလိုအပ်တာအားလုံးကို နှစ်ခါမပြောရဘူး တန်းဝယ်ပေးတာ… ငါအခုလို သုံးနိုင်ဖြုန်းနိုင် ၀တ်နိုင်စားနိုင်တာတွေက ငါ့မိဘတွေဆင်တယ်လို့ မင်းထင်နေတာလား လုံးဝမဟုတ်ဘူးKyungsoo သူဆင်ပေးတာ သူဝယ်ပေးတာတွေချည်းပဲ"

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Tahanan ng mga kuwento. Tumuklas ngayon