အရိုးထိအောင်ရူး(5)(Z+U)

3.6K 323 14
                                    


“ခဏလေးနော်baby ကိုယ့်သူငယ်ချင်းက ကားရပ်တဲ့နေရာမှာ ရောက်နေပါပြီ"

Park chanyeolဆိုတဲ့ လူကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် လှမ်းပြောရင်း ကျွန်တော်တို့ဝိုင်းမှာ ပြန်လာထိုင်ပါတယ်

“ဟော!! ဟိုမှာ ပြောရင်းဆိုရင်း ရောက်လာပါပြီ ဟေ့!!jongin!! ငါတို့ဒီမှာ"

Park chanyeol လှမ်းအော်သည့်နေရာကို ကျွန်တော်ရော baekhyunပါ လှည့်ကြည့်လိုက်ပါတယ်

ကျွန်တော့တို့ဆီကို လာနေတဲ့ အသားညိုညို အရပ်မြင့်မြင့် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် အမျိုးသားတစ်ယောက်

အသက်အရွယ်ကတော့ baekလူကြီးနဲ့ မတိမ်းမယိမ်းလောက်တော့ ရှိပါမည်။

အဲ့ဒီလူကြီးက သူ့ရဲ့နက်မှောင်သည့် ဆံပင်တွေကို ခေါင်းလိမ်းဆီဖြင့် အနောက်သို့လှန်ဖြီးထားပါတယ်

အဖြူရောင်လည်ပိတ် အသားကပ်အင်္ကျီပေါ်မှ နက်ပြာရောင်ကုတ်အင်္ကျီကို လိုက်ဖက်စွာ ထပ်၍၀တ်ဆင်ထားပြီး ဘောင်းဘီအနက်ရောင်ကလည်း အဲ့ဒီလူကြီးရဲ့ body အလှကို ဖုံးကွယ်ထားဖို့ရာ မစွမ်းသာ

မျက်လုံး!! ဟုတ်တယ် အဲ့ဒီလူကြီးရဲ့ စူးရှတောက်ပတဲ့မျက်လုံးတွေ

မွေးနေ့ပွဲကို လာကြတဲ့ မွေးနေ့ပွဲမှာ ရှိနေတဲ့ အခြားလူတွေကို ရှိတယ်လို့ပင်မထင် အဲ့ဒီလူကြီးရဲ့ အရိုင်းဆန်သော အကြည့်တွေဟာ ကျွန်တော့မျက်နှာကို မခွာစတမ်း ပေါက်ထွက်မတတ် ကြည့်ပြီးလာနေပါတယ်

ကျွန်တော့တစ်ကိုယ်လုံး ကြက်သီးတဖျန်းဖျန်း ဆံပင်တွေကပဲ ထောင်လာသလိုလို ခေါင်းတွေပဲ ကြီးလာသလိုလို လိုက်လာမှားလေခြင်းဆိုတဲ့ အတွေးတွေက အဲ့ဒီလူကြီးကိုမြင်မှ ပိုပြီးသေချာလာခဲ့ပါသည်။

ကျွန်တော်လည်း ဆက်မကြည့်ရဲတော့ပဲ အကြည့်တွေကို တခြားတနေရာသို့ ပို့လိုက်ပါတယ်

“Baek! ငါပြန်တော့မယ်"

“နေပါဦးKyungsooရယ် ခဏလေးပါဆိုကွာ!"

Baekhyunက ကျွန်တော့ကို ခပ်ကြိတ်ကြိတ်ပြောပြီး ထိုင်ခိုင်းနေပြန်ပါသည်။

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Donde viven las historias. Descúbrelo ahora