Chapter-1

2.2K 97 4
                                    

ရာသီဥတု​လေးကသာယာ​နေတယ်​။နေခြည်​​နွေး​​နွေး​​လေးနဲ့အလည်​ပါလာတဲ့ ​လေ​ပြေ​လေးနမ်းတာခံ​လိုက်​ရသလိုပဲ။မြက်​ခင်းပြင်​ကနူးညံ့ပြီးသစ်​လွင်​​နေတယ်​​။အပြာ​ရောင်​မိုးသား​ကောင်းကင်​ကြီးကိုစီခြယ်​ထားတဲ့တိမ်​တိုက်​​တွေကကဗျာဆန်​လွန်း​နေတယ်​။Tiffany ​ခြေဖ၀ါး​အောက်​က​မြက်​ပင်​​လေး​တွေကယားကျိကျိနဲ့တစ်​မျိုး​လေးပဲ။Tiffany မျက်​လုံး​လေး​တွေကိုမှိတ်​ပြီးသဘာဝတရားကြီးရဲ့ တီးတိုး​ပြောသံ​လေး​တွေကိုတိတ်​တဆိတ်​ခံစား​နေ၏​။Tiffany မြက်​ခင်းပြင်​ကြီး​ပေါ်ပက်လက်လှန်​​​ပြီးအိပ်​လိုက်​သည်​​​။ဒါခဏတဖြုတ်​အိပ်​စက်​ဖို့အတွက်​အ​ကောင်းဆုံးအချိန်​ပဲ

"Hey နင်​အိပ်​​မလို့လား??"

ခပ်​​ဝေး​ဝေးက​နေ Yul အသံထွက်​လာ၏

"အင်း~တစ်​ခုခုဖြစ်​ရင်​ငါ့ကိုနှိုးလိုက်​"
___________

လူငယ်​တစ်​​ယောက်​​ကျောက်​တုံး​တွေနဲ့စီထားတဲ့လမ်း​လေးအတိုင်း​လျှောက်​လာ​သည်​။ဝက်​သစ်​ချသားနဲ့ပြုလုပ်​ထားတဲ့အိမ်​တံခါးကိုဖွင့်​ကာအထဲဝင်​​တော့
Maester တစ်​​ယောက်​ကသူ့ကိုပြုံးပြ​နေ၏

"​တွေ့ရတာဝမ်းသာပါတယ်​ Sir"

ထို့​နောက်​ သူမလုပ်​လက်​စဖန်​ပြွန်​​လေး
လေး​တွေနဲ့ဓာတ်​ခွဲတဲ့ဆီကိုအာရုံပြန်​​ရောက်​သွားသည်

"Maester Kang ကို​တွေ့ရမှာ​ကောင်းတဲ့
ကိစ္စနဲ့​တော့မဟုတ်​ဘူး"

Maester Kang ချက်​ချင်းပဲ ထိုသူအနား​ရောက်​လာပြီး စမ်းသပ်​တဲ့ကုတင်​​ပေါ်တင်​​ပေးကာ Leather ဝတ်​ရုံကိုကူချွတ်​​ပေးသည်

"ဘာဖြစ်​လို့လဲ??"

"ကျ​နော့်​ကိုယ်​တွင်းအင်္ဂါတွေအားလုံးမီး​လောင်​​နေသလိုပဲ!အန်​ချင်​သလိုမအီမသာခံစား​နေရတယ်​!​ခေါင်းလဲကိုက်​​နေတယ်​"

Maester kang ~ Taeyeon တစ်​ကိုယ်​လုံးကို​သေ​သေချာချာစမ်းသပ်​သည်​။

"ဒီ​နေ့ည ရှင့်​​မွေး​နေ့ပါတီက​နေထွက်​​ပြေးဖို့အ​ကြောင်းရှာ​နေတာလား??"

သံသရာအဆုံးတိုင်​Where stories live. Discover now