"ကဲ ဈေးလမ်းကနေကြိုဆိုပါတယ်ကွာ"
Tiffany ဈေးလမ်းတစ်လျှောက်ကိုကြည့်
ရင်းအံ့သြနေ၏။ဆိုင်တွေ သွားလာနေတဲ့လှည်းတွေနဲ့ပြည့်နေသည်။လူတွေကလဲရောင်းဝယ်ဖောက်ကားကြရင်း
ပျားပန်းခတ်သမျှစည်ကားနေ၏။Midgard ကအရမ်းကိုတိုးတက်လာတာပဲ!"ခဏလေးနော်"
Tiffany လက်မောင်းကိုကိုင်ကာ Taeyeon ဆိုင်တစ်ဆိုင်ထဲသို့ဝင်လိုက်သည်
"ကျနော် မင်ရည်နည်းနည်းဝယ်စရာရှိလို့"
ဆိုင်လေးတစ်ခုလုံး ကလောင်တံတွေ
စာအုပ်တွေ မင်ရည်အိုးတွေနဲ့ပြည့်နေ၏။Tiffany လဲလိုအပ်တဲ့စာရေးကိရိယာတွေကိုဝယ်လိုက်သည်။"ဒီဆိုင်ကစာရေးပစ္စည်းတွေရောင်းတဲ့အကောင်းဆုံးဆိုင်ပဲလေ!မင်းလိုအပ်တာတွေအကုန်လုံး ဒီမှာရနိုင်တယ်"
"Tae...."
Tiffany စကားပြောမယ်လုပ်တုန်း ရုတ်တရက် အခြားအသံတစ်ခုကကြားကနေဖြတ်သည်
"Taeyeon!!"
Tiffany နောက်လှည့်ကြည့်တော့ ဆံပင်အညိုရောင်နဲ့မိန်းကလေးတစ်ယောက် သူတို့ရှိရာသို့တန်းတန်းမတ်မတ်လာနေသည်ကိုတွေ့သည်
Taeyeon လဲလှည့်ကြည့်ပြီး ဦးညွတ်အရိုအသေပေးသည်
"Hara"
Hara ~ Taeyeon အနားသို့ရောက်လာပြီးချက်ချင်းပဲ Taeyeon လက်
မောင်းကိုတွဲလိုက်၏။ပြုံးနေတဲ့မျက်နှာကလဲ နားရွက်တပ်ချိတ်တော့မယ့်အတိုင်း..."ရှင်ဒီမှာဘာလုပ်နေတာလဲ Taeyeon?"
"Duty မရှိတုန်းလေး လိုတာလေးတွေလာဝယ်တာ!Hyuna ရောဘယ်မှာလဲ?"
"သူ Balayage လမ်းမှာဆံပင်ပြင်နေတယ်!ရှင်ညစာလာစားပါ့လား???ခမည်းတော်တော့ အရမ်းပျော်နေမှာ"
"ကျနော်လာနိုင်မယ်မထင်ဘူး Hara!
ကျနော့်မှာသူငယ်ချင်းတစ်
ယောက်ပါတယ်"