Chapter-13[Part-2]

1K 48 17
                                    

Soo နဲ့ Taeyeon တို့ ရုံး​တော်​က​နေထွက်​လာတာနဲ့ Soo ကို​မေး​တော့သည်

"​ပြောပါဦး!ခင်​ဗျား ဒဏ္ဍာရီလာနယ်​ပယ်​​တွေအ​ကြောင်းဘယ်​​လောက်​သိသလဲ Choi Soo?"

"Sir Kim က ဘာကိုသိချင်​တာလဲ?"

"Immortal ​တွေ Nightwalker ​တွေရှိတယ်​ဆိုတာ တကယ်​လား?"

"ရှိတာ​ပေါ့ Sir Kim ရ!သူတို့ ကျွန်​​တော်​တို့ ပတ်​ဝန်​ကျင်​မှာကျင်​လည်​​နေတာ ရာစုနှစ်​​ပေါင်းမနည်း​တော့ဘူး"

"ကျွန်​​တော်​တို့ပတ်​ဝန်းကျင်​မှာရှိ​နေတယ်​​ပေါ့?"

Choi Soo ​ခေါင်းငြိမ့်​ပြ၏

"စိတ်​ကိုဖတ်​နိုင်​တာ​တွေကိုခင်​ဗျားသိလား?"

"အဲ့ဒါထူးခြားတဲ့စွမ်းရည်​တစ်​ခုပါ Sir Kim!
Immortal ​တွေ Nightwalker ​တွေ တို့ စုန်းအတတ်​တတ်​တဲ့သူတို့ လုပ်​နိုင်​ကြတယ်​!
စိတ်​ကိုကျူး​ကျော်​တာကအရမ်းနာကျင်​ရ​ပေမယ့်​ စိတ်​ချင်းဆက်​တာကဘာမှမဖြစ်​ပါဘူး"

"စိတ်​ချင်းဆက်​တာ??"

"စိတ်​ကိုကျူး​ကျော်​တယ်​ဆိုတာက ကျူး​ကျော်​ခံရသူကို အတင်းဖိအား​ပေး​ပြီး အဲ့ဒီလူရဲ့ မှတ်​ဥာဏ်​​တွေကို​ခေါင်းထဲဝင်​ကြည့်​ တာမျိုးကို​ပြောတာပါ!စိတ်​ချင်းဆက်​တယ်​ဆိုတာက လူနှစ်​​ယောက်​ကစိတ်​တူကိုယ်​တူကိုယ်​လက်​နှီး​နှောပြီးသွားရင်​ရှိလာတတ်​တာကို​ပြောတာပါ"

"အဲ့ဒီစိတ်​ချင်းဆက်​တယ်​ဆိုတာ ဘယ်​လို​တွေလုပ်​တာလဲ?"

"စိတ်​ထဲက​နေ အ​တွေးထဲက​နေ တစ်​​ယောက်​ကိုတစ်​​ယောက်​စကား​ပြောလို့ရတယ်​!အကယ်​၍ အဲ့ဒီဆက်​နွယ်​ချက်​ကနက်​ရှိုင်းမယ်​ဆိုရင်
တစ်​​ယောက်​ရဲ့ခံစားချက်​​တွေကိုလဲ တစ်​​ယောက်​ကခံစားလို့ရမယ်​!ပြီး​တော့ တစ်​​ယောက်​မြင်​ရတာကို တခြားတစ်​​ယောက်​ကမြင်​​နေရမယ်​"

Taeyeon မျက်​​မှောင်​ကြုတ်​မိသွားတယ်​။
Tiffany ဒီလိုနည်းနဲ့ သူ့ကိုစကား​ပြောပြီး သူရှိ​တဲ့​နေရာကိုသိ​နေတာကိုး။အဲ့ဒါဆို သူမ
က သာမန်​လူသားတစ်​​ယောက်​မဟုတ်​ဘူး​ပေါ့

You've reached the end of published parts.

⏰ Last updated: Nov 14, 2018 ⏰

Add this story to your Library to get notified about new parts!

သံသရာအဆုံးတိုင်​Where stories live. Discover now