Chapter-12

467 51 34
                                    

Jessica ကိုင်​ထားတဲ့​ရေခွက်​​လွတ်​ကျသွားပြီး
ဒူး​ထောက်​လျက်​သားလဲကျသွားသည်​။တစ်​စုံတစ်​​ယောက်​က သူမ​ခေါင်းကိုထုနှက်​​နေသည့်​အလားခံစားလာရတယ်​​​။

ရုတ်​တရက်​ ​မှောင်​ရိပ်​လွှမ်း​နေတဲ့လမ်းကြား
တစ်​ခုသူမအာရုံထဲ​ပေါ်လာ၏။လဲကျ​နေတဲ့လူတစ်​​ယောက်​ကိုငုံ့ကြည့်​​နေတဲ့ ဓားကိုင်​ထား​သောလူတစ်​​ယောက်​​။မှောင်​လွန်း​တော့ အဲ့ဒီလူရဲ့မျက်​နှာကိုသဲသဲကွဲကွဲမမြင်​ရဘူး။

ဟုတ်​တယ်​!Chosen နဲ့စိတ်​ချင်းဆက်​​နေ​တော့ သူခံစားရတာ​တွေကိုပါသူမခံစား​နေရတာ!ဒါဆို Chosen အန္တရာယ်​နဲ့ကြုံ​နေပြီပဲ​။Jessica အားတင်းပြီး သူမလက်​နက်
တွေကိုယူကာ ပြတင်း​ပေါက်​က​နေခုန်​ချပြီး
Chosen ​ရှိ​နေမယ့်​​နေရာဆီကိုမှန်းဆပြီးထွက်​လာခဲ့တယ်​~စိတ်​တိုစရာ​ကောင်းတာက အဲ့အချိန်​မှာပဲ သူတို့နှစ်​​ယောက်​ရဲ့ စိတ်​ချင်း
ဆက်​သွယ်​မှုပျက်​သွားသည်​​​​။Chosen သတိလစ်​သွားလို့လား ဒါမှမဟုတ်​ သူမကို တစ်​စုံတစ်​​ယောက်​က တားမြစ်​လိုက်​လို့လား??
______________

ခေါင်​မိုး​ပေါ်မှာထိုင်​​နေတဲ့ Yul လမ်း​ပေါ်မှာ​ပြေးလွှား​နေတဲ့ Jessica ကိုမြင်​​တော့ အ​နောက်​က​နေလိုက်လာပြီး သူမ​ပေါ်ခုန်​အုပ်​ချလိုက်​တယ်​​​။Jessica တစ်​​ယောက်​ နာလွန်း
လို့ ​ဒေါသထွက်​သွားပြီး Yul ကိုပါးရိုက်​ပစ်​လိုက်​တယ်​~၁၀ ​ပေ​လောက်​အမြင့်​ကခုန်​ချပြီး
သူမကိုယ်​​ပေါ်ကျတာ​လေ..မနာပဲ​နေမလား!

"What The Fuck?!!"

Yul ပြုံးစိစိနဲ့

"Hi!!"

"Bye"

Jessica ချက်​ချင်းပြန်​လှည့်​ဖို့ကြိုးစား​ပေမယ့်
Yul သူမခါးကိုဆွဲဖက်​ထားတယ်

"တကယ်​ကြီးလား Kwon Yul?"

Jessica စိတ်​တိုတိုနဲ့ Yul​ခေါင်းကိုလက်​သီးနဲ့
အချက်​​ပေါင်းများစွာထိုး​တော့သည်

"ငါကိုလွှတ်​!ငါနင်​နဲ့ကစားဖို့အချိန်​မရှိဘူး"

"မင်းကို သူ့ဆီသွားခွင့်​မပြုနိုင်​ဘူး Jessica"

သံသရာအဆုံးတိုင်​Where stories live. Discover now