ကွင်းပြင်ထဲမှာအစီအရီထိုးထားတဲ့တဲတွေကိုဖြတ်ပြီး Yul လျှောက်လာခဲ့၏။
အမျိုးသားတွေအားလုံး မီးဖိုဘေးမှာဝိုင်း
ဖွဲ့ထိုင်နေပြီး မနက်ခင်းကော်ဖီသောက်နေကြသည်။အချို့ကတော့ လက်နက်တွေကိုယူပြီး စစ်လေ့ကျင့်ရေးတည်ရှိရာနေရာသို့သွားနေကြသည်။လေ့ကျင့်ရေး
နည်းအမျိုးမျိုးကို Yul တွေ့သည်~မြားပစ်,ဓားရေး,လက်ဝှေ့နဲ့မြင်းရေး တွေကျင့်နေကြ၏။ထိုစဉ် ၁၃ သားအရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး Yul ကိုသူ့နောက်လိုက်ခဲ့ဖို့အချက်ပြ၏"ကျနော်ကလဲလက်ထောက်ပဲဗျ!အစ်ကိုက လက်ထောက်လုပ်ဖို့အရမ်းအသက်
ကြီးမနေဘူးလား??"Yul ထိုကောင်လေးကိုပြုံးပြပြီး
"ငါကမြို့တော်ကိုအခုမှရောက်တာကွ"
"အင်း!ကျနော်တို့အားလုံးသိတယ်"
ကောင်လေး အပြာရောင်အလံစိုက်ထားတဲ့ တဲရှေ့မှာရပ်လိုက်တော့ Yul ထိုအလံကိုစိုက်ကြည့်သည်
"ဒါ Sir Kim ရဲ့အလံလေ!အပြာရောင်က sir kim တို့မိသားစုအရောင်!Sir kim ရဲ့လက်အောက်မှာအမှုထမ်းဖို့ Sir Liu တောင်းဆိုတော့ အရှင်ကခွင့်ပြုပေးတယ်လေ!အဲ့ဒါကြောင့်မို့လို့ Sir liu ကလဲ ဒီအလံကိုပဲသုံးတာ"
ထိုကောင်လေး Yul ကိုရှင်းပြပြီး တဲထဲသို့
တွန်းလွှတ်သည်"အခုသွားတော့~အစ်ကို့ကို Sir Liu စောင့်နေတယ်"
တဲထဲကိုဝင်လာတဲ့ အသားညိုညိုနဲ့လူကို Amber တစ်ချက်လှမ်းကြည့်ကာ နှုတ်ဆက်သည်
"Hey..မင်းက Kwon Yul လား?"
Yul ခေါင်းငြိမ့်ပြကာ ဦးညွတ်နှုတ်ဆက်သည်
"Ahhh...ငါမင်းကိုအသက်အရမ်း
ကြီးလိမ့်မယ်လို့မျှော်လင့်မထားဘူး!ငါပြောချင်တာက အရွယ်ရောက်ပြီးသားလူလို့ပြောတာပါ""Well!ကျနော်အခုမှမြို့တော်ကိုရောက်လို့ပါ"
Amber တစ်ချက်ပြုံးရင်း တဲထဲရှိလက်နက်တွေထားတဲ့စင်အနားသို့လျှောက်သွားသည်