မြင်းဖြူကြီးနှစ်ကောင်ကိုအသားကျစီးရင်း မြို့လည်သို့ရောက်လာ၏။မြင်းပေါ်ကလူနှစ်ယောက်ကခေါင်းကိုမော့ထားရင်း ဂုဏ်ယူဟန်အပြည့်နဲ့ နေရောင်အောက်မှာတောက်ပနေသည်။ရွာသားတွေအားလုံးမြင်းပေါ်ကလူနှစ်ယောက်ကို လှည့်ကြည့်ကြသည်။မြင်းစီး
သူနှစ်ယောက်အနက်တစ်ယောက်က
မိန်းကလေး~ပိန်ပိန်ပါးပါးခန္ဓာကိုယ်
လှပတဲ့မျက်ဝန်းတွေနဲ့ မျက်နှာလှလှလေးနဲ့မလိုက်အောင်ပင် ပညာရှိတဲ့ပုံနဲ့။
ငန်းမွှေးနဲ့လုပ်ထားတဲ့မြားကျည်တောက်ရယ် မြားရယ်ကိုမြင်းရဲ့နံဘေးမှာချိတ်ထား၏။သူမဘေးကမြင်းပေါ်မှာတော့ အသားညိုညိုထောင်ထောင်မောင်းမောင်း
နဲ့ယောကျာ်းလေးတစ်ယောက်စီးလာ၏။
လက်ရာမြောက်လှတဲ့လှံတံတစ်ချောင်းကိုကျောမှာလွယ်ထားပြီး ဓားဖြူလေးတွေကို
သူ့ရဲ့ Leather ခါးပတ်မှာချိတ်ထား၏"WoW!!သူတို့ကိုကြည့်စမ်း"
လမ်းမပေါ်ကလူတွေအားလုံးအကြည့်က ထိုမြင်းဖြူပေါ်ကလူနှစ်ယောက်ဆီကိုရောက်လာသည်
နေ့လည်ခင်းအချိန်ဖြစ်တာကြောင့် မြို့တော်ကလူတွေအားလုံး လမ်းမပေါ်မှာရောက်နေကြသည်။ရောင်းဝယ်ဖောက်ကားရင်း စည်ကားနေ၏။ကလေးတွေကပျော်ရွှင်စွာနဲ့ဆော့ကစားနေကြသည်။
Tiffany နဲ့ Yul မြို့သူ မြို့သားတွေကိုသေချာကြည့်သည်~တစ်စုံတစ်ခုကထူးခြားနေ၏။ယောကျာ်းတွေက အမဲလိုက်ဓားတွေကိုကိုင်ဆောင်ထားကြသည်။အမျိုးသမီးတွေတောင်မှ
ခါးကြားမှာဓားမြှောင်လေးတွေကိုယ်စီနဲ့"ကြည့်ရတာ Mad shadows တွေတိုက်ခိုက်ခံထားရတယ်နဲ့တူတယ်"
သူတို့နှစ်ယောက်လမ်းကြားလေးထဲကဆိုင်လေးတစ်ဆိုင်ရှေ့မှာမြင်းကိုရပ်သည်။
တံခါးပေါ်ကဆိုင်းဘုတ်လေးမှာရေးထားတာက
'Lee ပရဆေးရောင်ဝယ်ရေး'Tiffany ဝင်ဖို့ Yul တံခါးဖွင့်ပေး၏။ဆိုင်တစ်ခုလုံးစာလိပ်တွေစာအုပ်တွေထူးထူးဆန်းဆန်းအပင်တွေနဲ့ပြည့်နေ၏။