Amber မျှော်စင်ပေါ်ကနေ ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေ၏။ညကအရမ်းတိတ်ဆိတ်လွန်းနေတယ်~အဲ့ဒီခံစားချက်ကြီးက
Amber အတွက်တစ်မျိုးကြီးဖြစ်နေ၏။
Yul အနားကိုရောက်လာကာ"အရှင်!အခန်းထဲမှာခဏသွားနားပြီး တစ်ရေးလောက်အိပ်လိုက်ပါဦး!အရှင်စောင့်
နေတာကြာလှပြီ""ဒါကျနော့်တာဝန်နဲ့အလုပ်ပဲလေ Yul!
ဒါနဲ့ကျနော်တို့ပဲရှိနေတဲ့အချိန်ဆို ကျနော့်ကို Amber လို့ပဲခေါ်ပါ~အစ်ကိုက
ကျနော့်ထက်အသက်ကြီးတယ်လေ"Amber လက်ဝါးချင်းပွတ်ကာနွေးအောင်လုပ်ပြီး
"ဒါပေမယ့် ကျေးဇူးပါပဲ!ကျနော့်လက်ချောင်းတွေခဲမသွားခင် ကျနော်အထဲမှာခဏနေလိုက်ဦးမယ်"
Amber အခန်းထဲဝင်ကာချပ်ဝတ်တွေကိုချွတ်လိုက်ပြီး အိပ်ရာပေါ်မှာခဏလှဲသည်~နွေးထွေးပြီးဇိမ်ရှိလှတာကြောင့် သိပ်မကြာခင်မှာပဲအိပ်ပျော်သွားသည်
Amber လေး Pony အရုပ်လေးနဲ့ကစားနေတုန်း သူတို့အမေသူ့ကိုအော်ခေါ်သံကိုကြားရသည်။Amber တခြားအော်သံတွေလဲကြားနေတာကြောင့် ရွာဘက်ကိုကြည့်မိတော့ မီးတွေလောင်နေပြီး ကြောက်လန့်တကြားအော်သံတွေနဲ့ဆူညံနေ၏။Amber ဘာဖြစ်နေလဲဆိုတာ မသိပဲစိတ်ရှုပ်စွာနဲ့ခေါင်းလေးကုတ်ကာ အိမ်ဘက်ကိုပြန်လာသည်
"Mommy!တံခါးဖွင့်ပါဦး~သား Amb Amb ပါ!"
တံခါးပိတ်ထားတာကြောင့် Amber တံခါးလေးခေါက်တော့ ဝုန်းခနဲပွင့်လာပြီး
"Thank God"
Mrs.Liu ~ Amber လေးကိုပွေ့ချီပြီး
တင်းတင်းဖက်သည်။Amber စကား
ပြောမယ်လုပ်တော့ Mrs.Liu သူ့နှုတ်ခမ်းကို လက်ညိုးလေးနဲ့ပိတ်ပြီး"သားအခန်းထဲကိုသွားနော်"
Mr.Liu အမဲလိုက်ဓားတစ်လက်နဲ့ရောက်လာပြီး ဖယောင်းတိုင်မီးတွေကိုငြိမ်းပစ်သည်