Yul တစ်ယောက်သမ်းဝေကာ အိမ်ပြန်လာ၏။တစ်ညလုံး Mad Shadow တွေကိုတိုက်ခိုက်ရင်းနဲ့အချိန်ကုန်ခဲ့ရတယ်~Yul အိမ်ထဲဝင်လာပြီး ချပ်ဝတ်တန်ဆာတွေကိုချွတ်သည်
"Tiff ငါပြန်ရောက်ပြီ"
Yul အော်ပြောရင်း ရေသောက်ဖို့မီးဖိုခန်း
လေးထဲဝင်လာတော့စားပွဲပေါ်မျက်နှာအပ်ထားထိုင်နေတဲ့ Tiffany ကိုတွေ့သည်။
Yul ရေခွက်လေးကိုချပြီး Tiffany ဘေးမှာဝင်ထိုင်တော့ Tiffany လည်ပင်း
က Marking ရာတွေကိုမြင်ပြီး မျက်မှောင်ကြုတ်သွားတယ်~စဉ်းစားကြည့်တော့ Taeyeon ကိုရုံးတော်မှာပင်ပန်းနေတဲ့ပုံနဲ့တွေ့ခဲ့ရတယ်"Hey"
Yul ~Tiffany ပုခုံးလေးကိုအသာပုတ်ပြီး
"ပင်ပန်းနေရင် အိပ်ရာထဲသွားအိပ်လေ~
ဒီမှာမအိပ်နဲ့"Tiffany ခေါင်းမော့လာ၏။အမှန်တော့ သူမအိပ်ပျော်နေတာမဟုတ်ပါ။
သူငယ်ချင်းမျက်နှာကိုကြည့်ပြီး Yul မေးသည်"Hey ဘာဖြစ်တာလဲ?"
Tiffany ~ Yul ကိုစိုက်ကြည့်နေ၏။ခေါင်းထဲမှာလဲအတွေးတွေများနေပြီ!ဘယ်ကစပြောရမယ်ဆိုတာလဲ သူမ မသိတော့။သေချာတာတစ်ခုကတော့ မျက်ရည်တွေကျလာပြီဆိုတာပဲ။
"သေစမ်း Tiff!"
Yul သက်ပြင်းချကာ သူငယ်ချင်းကိုဆွဲ
ဖက်သည်"နင်သူနဲ့အိပ်ခဲ့တယ်မလား???ဟုတ်တယ်ဟုတ်?"
Tiffany လဲ Yul ရင်ခွင်ကိုမျက်နှာအပ်ပြီးအားရပါးရငိုတော့သည်။Yul လဲ Tiffany ကျောလေးသပ်ပြီး ချော့နေရတယ်
"နင်ဘာလို့ငိုတာလဲငါ့ကိုပြောပြလေ!နင် Taeyeon နဲ့အိပ်ခဲ့တာက Taeyeon ကြောင့်မို့လို့လား?ဒါမှမဟုတ် Taeyeon ကနင့်ကို အဲ့တစ်ယောက်ကိုအမှတ်ရစေလို့လား?"
Tiffany ~ Yul ရင်ခွင်ထဲကနေရုန်းထွက်ပြီး မျက်ရည်တွေကိုသုတ်ပစ်ကာ
"တကယ်ကြီးလား Yul??နင်ငါ့ကိုအဲ့လိုထင်နေတာလား?နင်နဲ့ငါနဲ့ခင်လာတာ ဒီလောက်ရာစုနှစ်တွေချီလာတာတောင် နင်ကငါ့ကိုအဲ့လိုကောင်မမှတ်နေတာလား?"