မီတာ ၈၀ လောက်မြင့်တဲ့ ရေတံခွန်ပေါ်ကနေခုန်ချတော့ Amber ဘဝမှာ ဒီလိုမျိုးငယ်သံပါအောင်အော်ခဲ့မိသလားတောင်မသိတော့ဘူး။Krystal ကတော့အေးအေးဆေးဆေးပဲ။ရေစီးသန်လွန်းလို့ Amber တစ်ယောက် ရေပေါ်ပြန်တက်ဖို့အခက်ခဲဖြစ်မှာကိုရိပ်မိလို့ထင်ပါရဲ့ သူ့လက်မောင်းကို
တင်းကျပ်နေအောင်ကိုတွဲဖက်ထားတယ်သိပ်မကြာခင်မှာပဲ ရေမွန်းနေတဲ့ Amber ကို
Krystal လည်ဂုတ်ကနေဆွဲလာပြီး ကမ်းစပ်
ကိုကူးခတ်လာ၏။"Yah!!"
Amber ပါးကိုညင်သာစွာပုတ်ပြီးနှိုးသည်
"Yah!ထတော့"
Amber ကတော့တစ်ကိုယ်လုံးတုန်ရီနေပြီး
နှာခေါင်းထဲကနေအရည်တွေထွက်ကျနေတယ်။အပူချိန်ကလဲ အနှုတ် ၁၀ အောက်ရောက်နေတယ်။Krystal လေကွယ်ရာနေရာလေးဆီကို Amber ကိုသယ်လာ၏။အဲ့ဒီနောက် ချက်ချင်းပဲ သစ်ကိုင်းခြောက်တွေကိုမြန်မြန်ရှာပြီးမီးမွှေးသည်။အအေးဓာတ်ကြောင့် Amber နှုတ်ခမ်းတွေပြာနှမ်းနေပြီ။
"Yah!ရေထဲခဏလေးပဲနေလိုက်ရတာပါဟာ~ ဘာလို့ဒီလောက်တောင့် ပျော့ ဖတ်နေရတာလဲ?"
Krystal ညည်းညည်းညူညူနဲ့ Amber အဝတ်အစားတွေကိုချွတ်သည်။ရေစိုဝတ်တွေဆိုတော့ ပိုပြီးကိုယ်အပူချိန်လျော့လာမှာကိုစိုးရိမ်နေ၏။Krystal နှစ်ခါမစဉ်းစားတော့ပဲ သူမကိုယ်ပေါ်ကအဝတ် အစားတွေကိုပါချွတ်ကာ Amber နားမှာလှဲချပြီးပူးကပ်ကာ ခန္ဓာကိုယ်ချင်း အပူငွေ့ပေးနိုင်ဖို့ကြိုးစားတော့သည်။Amber သူ့ခန္ဓာကိုယ်ပေါ်ကို ကိုယ်တစ်ခုထပ်ကျလာတာကိုခံစားမိပြီး သတိဝင်လာ၏။
မျက်လုံးဖွင့်ပြီးကြည့်မိတော့ မီးဖိုရဲ့ ခပ်ဖျဖျ အလင်းရောင်သာမြင်ရသည်"KRYSTAL!!!"
သူ့ကိုယ်ပေါ်မှာရောက်နေသူဟာအခြားသူမဟုတ်ပဲ Krystal ဖြစ်နေမှန်း သိလိုက်ရတာနဲ့ Amber အသံနက်ကြီးနဲ့အော်တော့တယ်။ကိုယ်လုံးတီး Krystal က သူ့ကိုယ်ပေါ်မှာရောက်နေတာလေ၊Krystal လဲစိတ်တိုတိုနဲ့ Amber ပါးကိုရိုက်ချလိုက်တယ်