"Sir"
Taeyeon အသံတစ်သံကိုကြားနေရသည်
"Sir Kim!ထပါဦး"
Taeyeon မျက်လုံးတွေဖွင့်လိုက်သည်။သူ့ဘေးနားပတ်ဝန်းကျင်ကိုမှတ်မိသည်။
ဝက်သစ်ချတံခါးကြီး~စာအုပ်တွေစာလိပ်တွေအပြည့်နဲ့စာအုပ်စင်~ကြောင်တောင်တောင်ပုံစံနဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ!ဟုတ်တယ်~သူအခုထိMaester Kang ရဲ့ဆေးခန်းမှာရှိနေဆဲ"Sir Kim!နေကောင်းရဲ့လား?Maester Kang ကလူလွှတ်ပြီးကျနော့်ကိုခေါ်ခိုင်းလိုက်တာ"
Taeyeon သူ့အရှေ့မှာရပ်နေတဲ့လူငယ်လေးကိုပြုံးပြသည်။
"ကျေးဇူးပဲ Amber"
Maester Kang လက်ပိုက်ပြီး မျက်မှောင်ကြုတ်ကာ သူတို့အနားကိုလျှောက်လာ၏။
"ဘယ်လိုခံစားရလဲ Kim?"
"Sir ပါ~Sir Kim ပါ"
Taeyeon စမ်းသပ်ကုတင်ပေါ်ကနေဆင်း
လိုက်ပြီးပြောသည်"အဆင်ပြေရဲ့လား?Sir Kim?"
"ဘယ်တုန်းကမှပိုမကောင်းဘူး"
Amber ကတော့ ဘာတွေဖြစ်နေတာပါလိမ့်ဆိုတဲ့အကြည့်နဲ့နှစ်ယောက်လုံးကိုကြည့်နေရှာ၏
"Sir kim နေကောင်းရဲ့လား?သူဘာလို့ဒီကိုလာတာလဲ Maester kang?"
"သူအဆင်ပြေပါတယ်~စိတ်မပူပါနဲ့!မနက်ဖြန်ကျ သူဒီကိုလာဖြစ်အောင်သာသေချာလုပ်ပါ!သေချာပေါက်နော်"
Taeyeon သစ်သားစည်ကြီးထဲဝင်လိုက်ပြီး တစ်ကိုယ်လုံးရေစိမ်သည်။ထို့နောက်
ရေငုပ်လိုက်ပြီး Maester Kang ပြောလိုက်တဲ့စကားတွေကိုသေချာစဉ်းစား
နေ၏"Sir!!!!"
Amber အော်လိုက်ကာ စည်ပိုင်းထဲကနေ Taeyeon ကိုဆွဲထူ၏
"Yah!မင်းဘာတွေလုပ်နေတာလဲ??"
"ကျနော်တောင်းပန်ပါတယ်~ကျနော်က Sir ရေနစ်နေတယ်လို့ထင်နေလို့ပါ"
Taeyeon လဲစည်ပိုင်းထဲကနေထလိုက်ပြီး နံရံပေါ်က Towel အဖြူလေးကိုယူကာ ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်သည်။