ep -9

1K 133 10
                                    

ညနေစောင်းအချိန်၌ပင် စောမြတ်တို့ ရွာခံတစ်ယောက်ကို...ခေါ်၍ ပန်ခန်းရွာသို့ ထွက်လာခဲ့သည်...။

နမ့်ဟူးနွဲ့ ရေတံခွန်သို့ သွားရာလမ်းအတိုင်း သီပေါမြို့ပြင်မှသွားရသော်လည်း နမ့်ဟူးနွဲ့ရေတံခွန်လမ်း နှင့် တစ်လမ်းတည်းတော့ မဟုတ်ချေ...

ရွှံ့မြေထူထပ်ပြီး တောင်များမြင့်မား မတ်စောက်သောကြောင့် ကားများဖြင့်မဆိုထားဘိ ဆိုင်ကယ်နှင့်ပင် သွားရန် မလွယ်ကူလှပေ...။

ထို့ကြောင့် သီပေါမြို့မှ ခြေလျင်ဖြင့် တစ်ညအိပ်ခရီးသွားမှသာ ရောက်နိုင်သည်...။

လမ်းတစ်လျှောက်လုံးတွင်လည်း အေးစိမ့်သော လေများတိုက်ခတ်နေပြီး မြူခိုးများဝေနေလေသည်...။

ဤသို့ဖြင့် စောမြတ်တို့ အဖွဲ့မှာ လမ်းပြတစ်ဦးဖြင့် ခရီးဆက်လာရင်း ညအတော်မှောင်လာသောအခါ သင့်တော်ရာနေရာရှာ၍ မီးပုံဖိုကာ နားခိုကြလေသည်.........

အေးမြတဲ့ ×××ဆောင်းတစ်ညမှာ
မီးရောင်ထိန်ထိန် လူအများနဲ့×××
××သီချင်းကလေးနဲ့ စောင်းမြောင်းဆို
အသဲထဲ နွေးထွေးသွားရမယ်××
×××စုံတွဲတွေနဲ့လေ တကယ်
အားကျလို့စောင့်နေခဲ့××
သီချင်းလေး တစ်ခေါက်ဆုံးသွားရင်××
ပြောစရာတွေ တွေးရင်း ကိုယ့်အလှည့်ကွယ်×××
ကုံးက ကုံးက ကုံးက ~~~
သီချင်းသံကြားမှာ ကနေမယ်××
××နှစ်ကိုယ်တူယှဉ်ကာ ကနေ
ကုံးက လမ်း(မ်း)အကဟန်
တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ×××

အရှေ့သံလွင်မှာ ရိုးရာပွဲတွေရှိတိုင်းကွယ်
ချစ်စရာ ×× ချစ်စရာ
ကုံးကလမ်း(မ်း)အကဟန်
တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ~~~~

ဘုန်းရှိန်လင်း ၏သီချင်းသံဆုံးသွားပြီးနောက် အားလုံးကလက်ခုပ်တီးကြသည်......။

အမွန်က......

ငလင်းက ဘယ်ဆိုးလို့လဲ။အသံက အဆိုတော်လုပ်လို့ရတယ်...။မှန်မှန်ပြောစမ်း ဘယ်တုန်းကကြိတ်ကျင့်ထားတာလဲ......

အားအားယားယား ကျင့်မနေဘူး။
ငါ့ voice က original voice ဟ
original voice......

ခြေရာကောက်သူWhere stories live. Discover now