ep-6

1.1K 128 2
                                    

စောမြတ် တို့ ခရီးထွက်ခဲ့သော မြို့ကား

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိသော
သီပေါမြို့လေးသို့ ဖြစ်သည်။

တစ်နည်းအားဖြင့် စောမြတ် ၏ အနှစ်သက်ဆုံးမြို့လေးတစ်မြို့ဖြစ်ပေသည်။

သီပေါစော်ဘွားစဝ်ကြာဆိုင် နဲ့ ကြင်ယာတော် စဝ်သုစန္ဒီ တို့ဇာတ်လမ်းမှစ၍ အံ့သြစရာ ပဟေဋ္ဌိများ ပြည့်နှက်နေသော သီပေါမြို့လေးက်ို စောမြတ် ချစ်လှပါသည်။

လမ်းတစ်လျှောက်မြင်ကွင်းများက ရင်သပ်ရှုမောဖွယ်ဖြစ်သော်လည်း

ဘုန်းရှိန်လင်း မှလွဲ၍ နန်းတို့ညီအစ်မ ၂ယောက်မှာ ထူး၍ အံ့သြခြင်းမပြသောကြောင့် စောမြတ် တစ်ယောက် စဉ်းစားရခက်လှသည်။

လမ်းတစ်လျှောက်မြင်ရသမျှကို တတွတ်တွတ်မေးနေသူမှာ နန်း မဟုတ်ဘဲ

ဘုန်းရှိန်လင်း သာဖြစ်သောကြောင့်
သူမကို ငှားလာသူမှာ နန်းလား ဘုန်းရှိန်လင်းလားဆိုတာ စောမြတ် ဝေခွဲမရပေ။

ကားပြတင်းပေါက်မှ ရှုခင်းကို ငေးနေသော
ဘုန်းရှိန်လင်း က

လှလိုက်တာ တကယ်မိုက်တယ်။အရင်ကတည်းက ခရီးမထွက်မိတာ နောင်တရလိုက်တာာကွာာ.........

ထိုစကားကို မန္တလေးမှစထွက်တည်းက ဘုန်းရှိန်လင်းတစ်ယောက် အခါ ၅၀ ၆၀ ထက်မနည်း ပြောနေခြင်းဖြစ်သည်။
ထိုစဉ်.........

အု အု အော့......

ဘုန်းရှိန်လင်း ဆိုသည့်ငနဲ ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ တအု အု ဖြစ်နေသည်...။

အတွေ့အကြုံရှိနေပြီဖြစ်သော စောမြတ်က ......

ရော့ ဒီမှာ ကြွပ်ကြွပ်အိတ်...။

ဘုန်းရှိန်လင်းက အမြန်လှမ်းယူကာ အန်လေတော့သည်။
အကောက်အကွေ့ များလှသော ထိုတောင်တက်လမ်းကြောင့်
ကားမူးသည်မှာ သဘာဝပေ။

စောမြတ် ကတော့

ဒီထက်ဆိုးသည့်လမ်းတွေပင် သွားဖူးသည်ဖြစ်၍ ဘယ်လိုမှမနေ...။

ထို့နောက် နန်း နှင့် အမွန် ပါကားမူးကာ အန်မည်စိုး၍ ကြွပ်ကြွပ်အိတ် လှမ်းပေးရန် ကြည့်လိုက်သော်လည်း အမွန်က နားကြပ်လေး တပ်ကာ

ခြေရာကောက်သူWhere stories live. Discover now