ည၏တိတ်ဆိတ်မှုက အရာရာကို ကြီးစိုးနေသည်...
တဖြစ်ဖြစ်မြည်နေသော မီးပုံမှ အသံတချို့
ပုစဉ်းရင်ကွဲကောင်တို့၏ အသံတချို့ နှင့် တခါတရံ
တောကောင်ကြီးများ၏ ဟိန်းသံမှ လွဲ၍ အရာရာမှ တိတ်ဆိတ်
ငြိမ်သက်နေသည်။ခွန်လုံ တဖြစ်လည်း စောမြတ်လွင် တစ်ယောက်
မင်းသမီး စဝ်နန္ဒာခမ်း ၏ ရွက်ဖျင်တဲ အနီးတွင် လုံခြုံးရေးအရ လှည့်ပတ်ကြည့်ရှုနေရင်း မလှမ်းမကမ်းရှိ ရွက်ဖျင်တဲမှ
လူတစ်ဦး တောထဲသို့ ထွက်သွားသည်ကို တွေ့လိုက်ပေသည်။ထိုရွက်ဖျင်တဲကား သိန္ဒီမင်းသမီး စဝ်သုနန္ဒီ၏ ရွက်ဖျင်တဲ ပင်
ုဖြစ်သည်...။ထို့ကြောင့် စောမြတ်လွင် လည်း စိတ်ထဲမှ..."ဟင် မမလွင်က ဒီအချိန်ကြီး တစ်ယောက်ထဲ တောထဲ ဘာသွားလုပ်တာပါလိမ့် " ဟု စဉ်းစားကာ အနောက်မှ
လိုက်သွားလေတော့သည်။_________________________
စဝ်သုနန္ဒီ တစ်ယောက် ယနေ့ညတွင် တပ်မှူးစဝ်ခွန်ဆိုင်နှင့် အချိန်းအချက် ပြုထားသောကြောင့် ရွက်ဖျင်တဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
အချိန်းအချက်ပြုထားသောနေရာအရောက်တွင် အချက်ပြသံ
ပြုလိုက်တော့ မှောင်ရိပ်ထဲမှ တပ်မှူးစဝ်ခွန်ဆိုင် က
ထွက်လာသည်..။ ထိုအခါ မင်းသမီး စဝ်သုနန္ဒီ က" အစီအစဉ်တွေ အကုန် အသင့်ပဲမလား
တပ်မှူး "တပ်မှူးလေးစဝ်ခွန်ဆိုင် လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
" ဟင်း......အကုန်အသင့်ပါပဲ မင်းသမီးလေး။စီစဉ်စရာရှိသမျှ အကုန်စီစဉ်ပြီးပါပြီ။ ဒီကိစ္စဟာ ကျိန်းသေလုပ်မှ
ဖြစ်မှာပါလား..."ထို့ကြောင့် မင်းသမီး စဝ်သုနန္ဒီ လည်း တပ်မှူး စဝ်ခွန်ဆိုင်ကို
တစ်ချက်ကြည့်လိုက်ကာ...."မဟုတ်ရင် ဘယ်လိုများလုပ်ချင်သေးလို့လဲ။ အခွင့်အရေးဟာ ၂ခါ ပြန်မလာနိုင်ဘူး။ဒါ့အပြင်
ဒါဟာ ဖဘုရား နဲ့ တခြားစော်ဘွားတွေ အားလုံးပူးပေါင်း
ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်တယ်။ဒီတော့ တခြား ဘာများ
လုပ်နိုင်ဦးမှာလဲ "တပ်မှူး စဝ်ခွန်ဆိုင်လည်း မည်သည်မျှမပြောနိုင်တော့ဘဲ
အဝေးကိုသာ ငေးမိနေလေသည်....
ဆက်ပြီး မင်းသမီး စဝ်သုနန္ဒီ က....
CITEȘTI
ခြေရာကောက်သူ
Ficțiune istorică#သမိုင်းကြောင်းကို စိတ်ဝင်စားသော Tourist guide ကောင်မလေးနှင့် #ရှေးဟောင်းပစ္စည်းများကို နှစ်သက်သော Archaeologist မိန်းမပျိုတစ်ဦး တို့၏ တွေ့ဆုံမှုမှ စတင်ခဲ့သော ထူးဆန်းမှုများ #ရှေးဟောင်းသမိုင်းကြောင်းနှင့် ဆက်စပ်၍ စိတ်ကူးယဉ်ဆန်ဆန် ရေးဖွဲ့ထားသော fiction...