ep -4

1.2K 136 0
                                    


သမီးး စောမြတ်ရေ လိုတာတွေ အကုန်ထည့်ပြီးပြီလားး။

ပြီးပြီ အမေရေ့...။

ပိုက်ဆံရော......

ပါတယ်။

လက်နှိပ်ဓာတ်မီးတို့ အနွေးထည်တို့ရော...

အမေ ဖြစ်သူ၏စိုးရိမ်မှုကြောင့် စောမြတ် ပြုံးလိုက်ပြီး အခန်းထဲမှထွက်လာသည်။
ထို့နောက် လမ်းမှာစားရန် မုန့်များထည့်ပေးနေသော အမေကို
ဖက်လိုက်ပြီး တစ်ချက်နမ်းလိုက်ကာာ

အကုန်ပါပါတယ် အမေရယ်။အမေ့ သမီးသွားတာ ပထမဆုံးအကြိမ်မှ မဟုတ်တော့ဘဲ။

ဒါပေမယ့်လဲကွယ်......။ဘုရားရော ရှိခိုးပြီးပြီလား သမီး။

မနက်တည်းက ရှိခိုးထားပါတယ်။အခုက
အမေ့ကို ကန်တော့မလို့။

စောမြတ်လည်း ပြောပြောဆိုဆို ထိုင်ကန်တော့လိုက်သည်။ပြီးမှ

တီလေးတို့က ဈေးသွားဝယ်တာလား။

ဟုတ်တယ်။သမီးရေ...

ထိုစဉ်......

တီ တီ တီ...

သမီး ဧည့်သည်ကားမလား။သွား သွား။
သေချာ ဂရုစိုက်နော်။

ဟုတ်ကဲ့ မေမေ။သမီးသွားပြီနော်...။

ပြေးထွက်သွားသော သမီးငယ်စောမြတ်ကို
ကြည့်ပြီး ဒေါ်မြင့်မြင့်လွင်လည်း သက်ပြင်း
တစ်ချက်ချကာ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။

~~~~~~~~~~~~~~~~~~~~~~~

စောမြတ် အိမ်ထဲမှ ထွက်လာသော အခါ
နန်းလည်း taxiပေါ်မှဆင်းလာကာ ပြုံးပြီး
ကြိုဆိုလိုက်သည်။
ထို့ကြောင့် စောမြတ် လည်း ပြန်ပြုံးပြကာ
taxiပေါ်သို့ တက်ကြပြီး လေဆိပ်သို့ ထွက်လာကြတော့သည်။

လေဆိပ်သို့ ရောက်သော် လိုအပ်သည်များ ပြုလုပ်ကြပြီး အချိန်ကျသောအခါ လေယာဉ်ဆီသို့ ဦးတည်ကြလေသည်။

လေယာဉ်ပေါ်တွင် စောမြတ်က ပြတင်းပေါက်ဖက်မှ ထိုင်ကာ နန်းက လူသွားလမ်းနှင့်ကပ်ရပ်မှထိုင်လေသည်။
မကြာမီပင် လေယာဉ်စတင် ပျံသန်းပြီး
စောမြတ် နှင့် နန်းလည်း စပ်မိစပ်ရာ စကားများ ခဏပြောပြီးနောက်

ခြေရာကောက်သူWhere stories live. Discover now