ep-11

1.1K 125 11
                                    


စောမြတ် တို့လည်း စကားဝိုင်းကို သိမ်းပြီးနောက် ခရီးပမ်းလာသဖြင့် အနားယူရန်ပြင်ဆင်ကြလေတော့သည်...

ကြယ်ရောင် လရောင် မှုန်မှိုင်းမှိုင်းကြောင့်
ပန်ခန်ရွာ၏ ညကောင်းကင်မှာ မှိုင်းရီနေသည်...

တစ်ချက် တစ်ချက် လေအဝှေ့တွင် ပါလာသော အအေးဓာတ်က အသည်းခိုက်လောက်သည်...။

သွပ်မိုး ထရံကာ အိမ်လေးတစ်လုံး၏ ကွပ်ပျစ်ပေါ်တွင် တွေးရင်းငေးရင်း ထိုင်နေသော မိန်းမပျိုတစ်ယောက်......

မကြာမီပင် ထိုမိန်းမပျိုလေးထိုင်နေသော
ဘေးသို့ နောက်ထပ်မိန်းမပျိုလေးတစ်ယောက် ရောက်လာပြီး......

"မအိပ်သေးဘူးလား အမွန်..."

ထိုချိုသာသော အသံလေးကြောင့် အမွန် လည်းဘေးသို့ကြည့်လိုက်ပြီး...

"သြော် စောမြတ်ပါလား။ စောမြတ် ရော...မအိပ်သေးဘူးလား..."

"အိပ်ပြီးသွားပြီ။အရမ်းအေးလို့ တရေးနိုးလာတာ..."

"သြော်..."

အတန်ကြာတိတ်ဆိတ်နေပြီးမှ...
စောမြတ်က

"အမွန်ရော ဒီကိစ္စတွေကို သိထားပြီးသားလားး..."

"မထက် ပြောပြဖူးလို့ သိပါတယ်။ဒါပေမယ့် စောမြတ် ကိုတော့ မန္တလေးတုန်းကမှ ပထမဆုံး တွေ့ဖူးတာ...။ဒါနဲ့လေ သိလား
စောမြတ်က မွန် မက်နေကျ အိမ်မက်ထဲက တပ်မှုးလေးနဲ့ သိပ်တူတာပဲ..."

အမွန့် စကားကြောင့် စောမြတ်မှာ မျက်လုံးလေးပြူးပြီး......

"ဟင် တပ်မှုးလေး ဟုတ်လား။ ဘယ်လိုနေလဲ ချောလားး ဟီး ဟီး..."

စောမြတ်က နောက်တောက်တောက်ပြောတော့ အမွန်လည်း ခပ်ဖွဖွရယ်ရင်း...

"စောမြတ် လိုပဲ ချောပါတယ်..."

ထို့နောက် အမွန်မှာ စောမြတ် ကို စိုက်ကြည့်လိုက်ပြီး

"စောမြတ် မှာ တွဲနေတဲ့သူရှိလားး"

"မရှိပါဘူး...။ဘာလို့လဲ..."

"ဘာလို့လဲ ဆိုတော့ မွန်က စောမြတ် ကိုချစ်လို့...။အဲ့ဒါကြောင့် ချစ်သူတော်ချင်တယ်...။မွန့် ကို စဉ်းစားပေးမလား စော ..."

ခြေရာကောက်သူWhere stories live. Discover now