ep-14

1.6K 144 23
                                    


" အမွန် "

စောမြတ် တစ်ယောက် တိုးညင်းစွာရေရွတ်လိုက်မိသည်...။

ပြီးမှ ဘေးနားမှ မြတ်လေး အား

" မြတ်လေး ခုဏက နောက်ဆုံးမှဝင်လာတဲ့ မင်းသမီးက ဘယ်သူ့သမီးတော်လဲ "

"သြော် အဲ့ဒါ့က အရှင်မြတ်ရဲ့ သိပ်မထင်ရှားတဲ့ မောင်းမတစ်ယောက်က မွေးတဲ့သမီးတော် "စဝ်နန္ဒာခမ်း" ။

"အမွန်က စဝ်နန္ဒာခမ်း တဲ့လား။ဒါဆို သူရော သူရော ၂၁ရာစု က နန်းဝင့်မွန် ဟုတ်သေးရဲ့လား..."

စောမြတ် တစ်ယောက် ယခုသူမ၏ အခြေအနေကြောင့် အတော်ပင် စိတ်ရှုပ်နေသည်။

ပင်းယခေတ် ကိုရောက်လာတာ သူမ တစ်ယောက်တည်းလား တခြားသူတွေရောလား ဟူသောမေးခွန်းများက သူမကို နှိပ်စက်နေသည်။

ထို့ကြောင့် ကာက သည်ကိုပင် ဆက်မကြည့်နိုင်တော့ဘဲ

" မြတ်လေး။အစော ခေါင်းတွေကိုက်လာလို့ ပြန်နှင့်ရအောင် "

"ဟုတ် ကဲ့။
်။မမလေး အမိန့်တော် အတိုင်းပါ"

ဤသို့ဖြင့် စောမြတ် တို့လည်း ကာကရာ နေရာမှ ဝေးရာသို့ထွက်ခဲ့တော့သည်။

လျှောက်ရင်း လျှောက်ရင်းဖြင့် မကြာမီ စစ်ရေးလေ့ကျင့်ရာ ကွင်းအဆောက်အအုံ အနီးသို့ ရောက်ရှိလာကြပေသည်။

ထိုလေ့ကျင့်ရေးကွင်းတွင်းရှိ မြှားပစ်လေ့ကျင့်သည့် နေရာတွင် မိန်းမပျိုတစ်ယောက်...

ထိုမိန်းမပျိုလေးမှာ လေးနှင့်မြှားကို ဟန်ပါပါကိုင်၍ မြားပစ်လေ့ကျင့်နေလေသည်...။

ကိုယ်ကို တစ်ခြမ်းစောင်းကာ လေ့ကျင့်နေသောကြောင့် စောမြတ်တို့မှာ ထိုမိန်းမပျိုလေး၏ နောက်ကျောကိုသာ မြင်ရလေသည်။

ထို့ကြောင့် စောမြတ်က ထိုမိန်းမပျိုလေးကိုညွှန်ပြလိုက်ပြီးမှ မြတ်လေး အား

" အဲ့မှာ မိန်းကလေးတန်မဲ့ မြှားပစ်လေ့ကျင့်နေတာက ဘယ်သူလဲ "

" အဲ့ဒါ မမလေးအရမ်းချစ်တဲ့ မမလေးရဲ့ အစ်မတော် စဝ်သုနန္ဒီ လေ မမလေးရဲ့ "

ခြေရာကောက်သူWhere stories live. Discover now