ep-10

1K 127 6
                                    

ဘကြီးမော် တစ်ယောက် စောမြတ် ကိုမြင်လိုက်သည့် ခဏတွင် အတိတ်၏ပုံရိပ်တို့က တရိပ်ရိပ်တက်လာသော်လည်း အတွေးစကို ချက်ချင်းရုတ်သိမ်းကာာ...

ဒီက တူမကြီးကရော သမီးနန်း တို့သူငယ်ချင်းလား...

ထို့ကြောင့် နန်းကပင်...

ဟုတ်တယ် ဘကြီးမော်။ဟိုတခေါက်က လက်စွပ်......

"ကဲ သမီးနန်း အိမ်ပေါ်တက်ပါဦး။အေးအေးပေါ့...။

ဘကြီးမော်စကားကြောင့် နန်း တို့လည်း ဘကြီးမော်၏ ထရံကာ သွပ်မိုးအိမ်လေးပေါ်သို့ တက်ခဲ့ကြသည်...။

ပြီးမှ နန်း က...

ဘကြီးမော်ကို နန်း ဟိုတခေါက်မေးထားတဲ့
ကိစ္စလေး အပြည့်အစုံပြောပြပေးပါဦး။ပြီးတော့......

နန်းက စကားကို မဆက်သေးဘဲ စောမြတ် ကိုတစ်ချက်ကြည့်သည်...

"ပြီးတော့ နန်း ယွန်းဘူးလေးရဲ့သော့ကိုလည်း တွေ့ခဲ့ပြီ။
အဲ့တော့ နန်း တို့ရှေ့ဆက်တိုးသင့် မတိုးသင့် သိရအောင် ဘကြီးမော်က အပြည့်အစုံပြောပြပေးမှဖြစ်မှာ......"

နန်း ၏စကားကြောင့် ဘကြီးမော်တစ်ယောက် မသက်မသာ သက်ပြင်းရှည်ကြီးချကာာ.........

ဟင်းးးးအချိန်ကတန်ပြီပေါ့လေ...။
သမီးနန်း သိပ်သိချင်နေတဲ့ အဲ့ဒီ့ ယွန်းဘူး ဘယ်မှာမြုပ်ထားလည်း ဆိုတာ ဘကြီးမော် သိတာမှန်ပါတယ်။အဲ့ဘူးထဲက ပစ္စည်းကို
ဘကြီးမော် မမြင်ဖူးပေမယ့် အဲ့ပစ္စည်းရဲ့သမိုင်းကြောင်းကို တော့အသေအချာ သိပါတယ်...။
အွန်းး သမီးတို့လည်း သမိုင်းကို တီးမိ ခေါက်မိမှာပေါ့။ပုဂံပျက်ပြီး ပင်းယခေတ် ဖြစ်တည်လာပုံကို သိကြတယ်မလား...။

ထို့ကြောင့် စောမြတ်က ...

စောမြတ်လေ့လာဖူးသလောက်ပြောကြည့်လို့ရမလား ဘကြီး...

ထိုအခါ ဘကြီးမော်က ခေါင်းညိတ်ပြသဖြင့်
စောမြတ် က...

"အနော်ရထာမင်းကြီး တည်ထောင်ခဲ့တဲ့ ပုဂံပြည်ဟာ တရုတ်ပြေးမင်းလို့ခေါ်တဲ့ နရသီဟပတေ့ လက်ထက်မှာ တရုတ်တွေ အန္တရာယ်ကြောင့် အတော်လေး အခြေအနေ ဆိုးဝါးနေခဲ့တယ်။ *အင်္သခယာ / ရာဇသင်္ကြံ / သီဟသူ *
ဆိုတဲ့ ရှမ်းညီနောင် သုံးဦးက တရုတ်ပြေးမင်းဆီမှာ ခစားထမ်းရွက်ဖို့ လာတာကြောင့် တရုတ်ပြေးမင်းက
အင်္သခယာကို မြင်စိုင်း / ရာဇသင်္ကြံကို မက္ခရာ နဲ့ သီဟသူ ကို ပင်လယ်မြို့ကို စားစေတယ်။

ခြေရာကောက်သူWhere stories live. Discover now