ep -12

1.1K 127 2
                                    



"အား..."

အမွန့် ၏ငယ်သံပါအောင် အော်လိုက်သံက သီပေါမြို့လေးပင် တုန်သွားသယောင်...

ထို့ကြောင့် အားလုံးက အမွန့် အားဝိုင်းကြည့်လိုက်ကြသောအခါ အမွန်မှာ ကျောက်စရစ်ပုံပေါ်တွင် သူမ ခြေထောက်ကို လက်ဖြင့်ဖိကာ လဲကျနေလေသည်......

" အမွန် "

(စိတ်ပူစွာအော်လိုက်သော နန်း ၏အော်သံ)

ထို့ကြောင့် အားလုံးမှာ အမွန့်ဘေးတွင် ဝိုင်းအုံပြီး ............
ဘုန်းရှိန်လင်းက မူ သူ့လွယ်အိတ်ထဲ တွင် အသင့်ဆောင့်ထားသော ဆေးအိတ် ကို ထုတ်လေသည်...

ထို့နောက် အမွန့် ခြေထောက်ကို ကိုင်ကြည့်ပြီးး...

"မိမွန်ရယ် နင့်နှယ် ဆရာဝန်ဖြစ်ပြီး ဘယ်လိုဖြစ်လို့ သတိမထားရတာတုန်း ။ကြည့်ဦး အခုတော့ ခြေထောက်ခေါက်ပြီ..."

ထို့ကြောင့် အမွန်မှာ ဘုန်းရှိန်လင်းကို ဘုကြည့်ကြည့်လိုက်ပြီး...

"ဆရာဝန် ဖြစ်တာနဲ့ သတိမထားတာနဲ့ ဘာဆိုင်လဲ။လမ်းကိုလည်း ကြည့်ဦး ဒီလောက်ကြမ်းတာ။အပြစ်လာပြောမနေနဲ့ ဆေးသာထည့်ပေး..."

ထို့ကြောင့် နန်း က

"အမွန်ကလည်း အဲ့လိုမပြောရဘူးလေ ကိုယ့်သူငယ်ချင်းကို..."

ထို့ကြောင့် အမွန်မှာ ဘာမှထပ်မပြောတော့ဘဲ ပတ်တီးစည်းပေး
သည်ကိုသာ ငြိမ်သက်စွာခံနေတော့သည်။

"ရော့ ပြီးပြီ မယ်တော်"

"အ့ "

ဘုန်းရှိန်လင်းက ပြောပြောဆိုဆိုဖြင့် ပတ်တီးကို တမင်အားနှင့်စည်း လိုက်သောကြောင့် အမွန်က အော်လိုက်ခြင်းဖြစ်သည်။

"လာ အသာထ ငါတွဲပေးမယ်"

ထို့ကြောင့် အမွန်က မျက်စောင်းထိုးလိုက်ပြီး အသံမာမာဖြင့်

"မတွဲနဲ့။နင်က အဘွားကြီးလိုမျိုး ဗျစ်တောက် ဗျစ်တောက်နဲ့ နားညီးတယ်။
နင့်ဘာသာနင် မထက် နားသွားနေချည် "

ခြေရာကောက်သူWhere stories live. Discover now