ep -5

1.1K 127 0
                                    


ကုတင် က ၃ယောက်ဆိုကြပ်မယ်ထင်တယ်။
ညီမ ကုတင်အောက်ဆင်း အိပ်လိုက်မယ်။

စောမြတ် က နန်းတို့ ညီအစ်မ ၂ယောက် ကိုကြည့်ပြီး ပြောလိုက်သည်။
ထိုအခါ နန်း က

မဟုတ်တာ။ဧည့်သည် က အပေါ်မှာ အိပ်ရမှာပေါ့။အစ်မတို့ ညီအစ်မ၂ယောက်ပဲ
အောက်မှာ အိပ်လိုက်မယ်

ဟုဆိုကာ
မွေ့ရာအပါးလေးကို ဖြန့်ခင်းပြီး ထိုအပေါ်တွင်လှဲချလိုက်လေသည်။

"အမွန်" မှလည်း ကြမ်းပြင်ပေါ်ရှိ သူ့အစ်မ
ဘေးတွင် ဝင်လှဲကာ စောမြတ် ကိုပြုံးပြ
လိုက်လေသည်။

ထို့ကြောင့် စောမြတ် မှာလည်း ခဏ စဉ်းစားကာ ကုတင်ပေါ်ရှိ သူမ၏စောင်ကို
ယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ဆင်း၍
နန်း ဘေးနားတွင်ဝင်လှဲလိုက်လေတော့သည်။

ထိုအခါ နန်းနှင့် အမွန် တို့မှာ ငုတ်တုတ်ထထိုင်ကာ စောမြတ် ကို ပြိုင်တူကြည့်လိုက်ကြသည်။

စောမြတ် ကား ပြုံး၍

ကဲ အိပ်ကြမယ်လေ။မနက် ခရီးထွက်ရဦးမှာ

ဟုဆိုကာ မျက်လုံးမှိတ်ပြီး ပြုံးနေလိုက်တော့သည်။

ထိုအခါမှ ထိုညီအစ်မ၂ယောက်လည်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ပြန်လှဲအိပ်ကြတော့သည်......။


~~~~~~~~~~~~~~~~~~~~~~

မနက်ရောက်သော် အစောဆုံးနိုးလာသူက
*အမွန်* ဖြစ်ပြီး ခြေသံမကြားအောင် ထိန်းလျှောက်၍ မျက်နှာသစ်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာလေသည်။

ထို့နောက် စောမြတ် ၏ဘေးသို့ သွား၍ စောမြတ် အိပ်နေသည့်ပုံစံကို သေချာသွားကြည့်နေလေတော့သည်...

ထို့ပြင် စိတ်ထဲတွင်

မှားနိုင်စရာ အကြောင်းမရှိပါဘူး...။
ဒီလောက် အထပ်ထပ်အခါခါ မက်ထားတဲ့
အိမ်မက်ထဲက မင်းသားလေးဟာ စောမြတ် မှ စောမြတ်ပါ။ဒါပေမယ့် အိမ်မက်ထဲမှာတော့ ယောကျာင်္းလေးဖြစ်ပြီး
အပြင်မှာကျ ဘာလို့ မိန်းကလေး ဖြစ်နေတာလဲ~~~~~~~


~~~~~~~~~~~~~~~~~~~~~~

နံနက် ၇နာရီခွဲလောက်တွင် နန်း တစ်ယောက်နိုးလာသည်။

ခြေရာကောက်သူWhere stories live. Discover now