လေအေးအေးတွေတိုက်ခတ်နေတဲ့ နေရာက ခုံတန်းလေးတစ်ခုမှာပေါ့ကွယ်...
"ကဲကဲ ကလေးတွေ ပင်ပန်းနေကြပြီလား.."
"ရပါတယ် အဖွား 😁"
Genin ninja 6 ယောက် ကျူတောလောက်ရှိတဲ့ မြက်ပင်တွေကိုရှင်းလင်းပြီးနောက်မှာတော့ ကွင်းပိုင်ရှင်အဖွားက onigiri အများကြီး လုပ်ကျွေးပါတယ်~ (onigiri - rice ball 🍙) အားလုံးထဲမှာ အားအပေးဆုံးက Kiba နဲ့ Naruto ပဲပေါ့.. Naruto က တစ်သက်လုံး cup ramen ကိုပိုကြိုက်ပေမယ့်လည်း သူ့အတွက် onigiri ဆိုတာ စားရခဲတဲ့အစားအစာကိုး... အားပါးတရစားတော့တာပေါ့~
များသောအားဖြင့် onigiri ဆိုတာ အမေလုပ်ပေးကြတာလေ~ မိရောဖပါ သိခွင့်တောင်မရတဲ့ Naruto အတွက် onigiri ဆိုတာ အိပ်မက်တောင်မက်လို့မရခဲ့ပါဘူး~ တစ်ခါတလေ Iruka sensei အားလပ်တဲ့အခါမှ ဝယ်လာတတ်တဲ့ onigiri လေးတွေ စားပြီးကျေနပ်ရတဲ့ဘဝ
ဒါကြောင့်လည်း Naruto က Iruka ကို အဖေလို ချစ်တာမဆန်းပါဘူး~~~ Iruka ကလည်း Naruto ကို အရမ်းချစ်တာကိုး~
"ငါတို့မြက်နှုတ်ပြီးရင် သစ်တုံးတွေကို ကြိုးချည်ပေးရဦးမယ်.."
"Eh?? Kiba.. ဘာလို့လဲကွ"
"Kurenai sensei ခိုင်းတာ.. လုပ်လက်စနဲ့ ကူပေးခဲ့ပါတဲ့.. ဒီနေရာက ချောင်းရေစီးသန်တယ်..ရေကာလို့ရအောင်ပါ.."
"ပြီးတော့ အဖွားကအသက်ကြီးပြီလေ"
Kiba နဲ့ Shino ရှင်းပြလိုက်ပြီးနောက်...
"ah...ဟုတ်သားပဲနော်.. ဒီနေရာက ချောင်းရေစီးသန်တယ်"
"ငါတို့လည်း ကူပြီးမှပြန်ရအောင်လေ"
"အင်း Sakura-chan"
Sakura လည်း ဝင်ထောက်ခံရင်း အတူတူဆက်ကူညီကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်လေရဲ့.. Naruto ကလည်း ပြုံးရယ်လို့ Naruto ကို ခိုးခိုးကြည့်နေတဲ့ Hinata လည်း ပျော်နေလောက်ပြီ.. သူသဘောကျတဲ့လူနဲ့ အချိန်အကြာကြီး အတူရှိနေရတာ သူလည်းပျော်မှာပေါ့နော်~ မပျော်နိုင်လေသူက ever မျက်နှာသေနဲ့ Sasuke-kun
(ဘာမှမဟုတ်ဝူး သဝန်တိုနေတာ )
သူ့မှာ မနေ့ကကိစ္စဖြစ်ပြီးတည်းက ဘယ်လိုဖြစ်နေမှန်းကိုမသိတာပါ.. Naruto အယောင်ယောင်အမှားမှားလုပ်မိတာကို သူက overreact ဖြစ်နေတာပဲလား? Naruto တကယ်ရည်ရွယ်ခဲ့တာလား?? လဒကောင်က အခုကျ ဘာမှမဖြစ်သလိုပဲရယ်.. ဒါပေမယ့်လည်း သူ့ကိုစကားလာမပြောပုံထောက်ရင် Naruto လည်း တစ်ခုခုကို စိတ်ထင့်နေလို့ဖြစ်မယ်~
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists