"Wow..😯"
"Eh? ဘာလို့လဲ Sai.."
"ဟိုမှာလေ.. Naruto နဲ့ Hime-sama.."
Sai ညွှန်ပြရာသို့ Sakura ကြည့်လိုက်တယ်.. တွေ့လေရာလူနဲ့ စွာကျယ်ကျယ်လုပ်တတ်တဲ့ Naruto က အခုတော့ Hime-sama နဲ့ သင့်မြတ်နေတယ် 😳 လှပလွန်းတဲ့နန်းဆောင် ဥယျာဉ်တော်ထဲမှာ ပြုံးရွှင်စွာစကားလက်ဆုံကျနေတယ်~ Hime-sama လေးမှာ ပန်းပွင့်လေးတွေ ပန်ဆင်ထာပြီး Naruto ကိုလည်း ပန်းပန်ပေးဖို့ ကြိုးစားနေလေရဲ့.~~~ Naruto က စိတ်ဆိုးမာန်ဆိုးနဲ့ ငြင်းဖယ်ရမယ့်အစား ရယ်မောရင်း ရှောင်ဖယ်နေတော့တယ်~
"Huh.....မမြင်ဖူးတဲ့မြင်ကွင်းပဲ 😮"
"Sakura မင်းလည်း ပထမဆုံးမလား"
"အင်း ဟုတ်တယ်.. Naruto က ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ စိတ်ရှည်ဖူးတာမဟုတ်ဘူးရယ်.."
Sakura နဲ့ Sai ရဲ့.မြင်ကွင်းထဲမှာ Hime-sama ကို အရှုံးပေးပြီး ဆံနွယ်အဝါတွေကြား ပန်းအနီလေးတစ်ပွင့် ပန်ဆင်ထားတဲ့ Naruto ဟာ အရမ်းကိုထွန်းလင်းတောက်ပနေခဲ့တယ်~✨✨
"Hime-sama ဧည့်တွေ့ခွင့်တောင်းခံပါတယ်"
"ဘယ်သူလဲ"
"Konoha anbu တစ်ယောက်ပါ"
"ကောင်းပြီလေ တွေ့ရအောင်.."
Hime-sama က အထိန်းတော်ကြီးနဲ့အတူ ညီလာခံဝန်းထဲသို့ ကြွမြန်းသွားတယ်~ ဥယျာဉ်တော်ထဲကျန်ခဲ့တဲ့ Naruto ရဲ့. နားစည်မှာတော့ 'anbu' ဆိုတဲ့အသံက ပဲ့တင်ထပ်ရိုက်ခတ်နေခဲ့တယ်..
//Sasuke....?//
Konoha ရွာက စေလွှတ်လိုက်သော anbu မှာ Sasuke ဖြစ်တယ်.. အဖွဲ့လိုက်လည်းမဟုတ်ဘဲ တစ်ယောက်တည်းသီးသန့်ရောက်လာခြင်း.. Sasuke အတွက်က တစ်ယောက်တည်းလည်း စိုးရိမ်စရာမရှိပေမယ့် တစ်ခုခုတော့ထူးတယ်~ ဒါကိုဆွေးနွေးဖို့အတွက် ညီလာခံခန်းမထဲမှာ Hime-sama.. အထိန်းတော်ကြီးနဲ့ Sasuke အပြင် Yamato လည်း ရှိနေတယ်~ 😐
ESTÁS LEYENDO
I don't mind ||NaruSasu||
Fanficတခ်ို့အခ်စ္ေတြဆိုတာ အျမင္ကတ္လို့ ရန္ခဏခဏျဖစ္ရာကေန ခ်စ္သြားတာမ်ိဳး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists