အချိန်ကာလတွေများ အကုန်မြန်လိုက်တာ~ ၄နှစ်ဆိုတဲ့ကာလဟာ ဘာမဟုတ်သလိုပင် ကုန်ဆုံးသွားတယ်.. ရွေ့ပြောင်းလာတဲ့ အချိန်တွေနဲ့အတူ ပတ်ဝန်းကျင်တစ်ခွင်လည်း ပြောင်းလဲလာတယ်.. တစ်စတစ်စတိုးတက်လာမှုက လူနေမှုစနစ်အသစ်ကို ဖြစ်ထွန်းလာစေတယ်~ အရင်က သစ်သားအိမ်တွေအစီအရီ တိုက်အနည်းငယ်သာ ရှိသော Konohagakure သည် ယခု တိုက်မြင့်တွေနှင့် ထည်ဝါနေလေပြီ အရင်ကစာရွက်ပုံနဲ့ တံဆိပ်တုံးကြား ခေါင်းညပ်နေခဲ့သော hokage ဟာ အခုတော့ laptop လေးနှင့်အဆင်ပြေနေပြီ.. jonin တွေမှာလည်း ဝတ်စုံဒီဇိုင်းသစ်တွေနဲ့ anbu တွေကလည်း ဝတ်ရုံအဖြူအနက်အစုံနဲ့ chuunin တွေမှာလည်း ပညာစွမ်းရည်မျိုးစုံလျက် medical ဆိုင်ရာဘက်မှာလည်း ဆေးကုသမှုအသစ်တွေပေါ်ထွန်းနေပြီ... အရင်က ဘာမှမရှိခဲ့သော ချယ်ရီပင်တန်းကြီးမှာလည်း လူနေထိုင်ခုံလေးတွေ ရှိလာခဲ့ပြီ~
တစ်ချိန်က🌸 ဒီချယ်ရီပင်တန်းကြီးမှာ ဆံပင်အနီနဲ့ကောင်မလေး တစ်ယောက် အနိုင်ကျင့်ခံခဲ့ရဖူးတယ်~ မဟုတ်မခံတဲ့ ကောင်မလေးက သူ့ကိုအနိုင်ကျင့်တဲ့လူတွေကို ပြန်ဆုံးမခဲ့ရဲ့။ ထိုဖြစ်စဉ်တွေကို ရပ်ကြည့်နေခဲ့တဲ့ ဆံပင်အဝါနဲ့ ကောင်လေး တစ်ယောက်လည်း ရှိခဲ့ဖူးတယ်~ ဒါဟာ ချစ်ပုံပြင်လေးလို့ ထင်ရပေမယ့် နှလုံးရည် လက်ရုံးရည်ပြည့်ဝသော သူရဲကောင်းတစ်ဦး ပေါ်ထွန်းဖို့ ဇာတ်လမ်းအစဖြစ်ခဲ့ပါတယ်..
ထိုဇာတ်လမ်းကိုပျိုးခဲ့သူ ၂ဦးသည် Naruto ကိုအန္တရာယ်ကြားက ရှင်သန်အောင် အသက်လဲကာကွယ်ပေးခဲ့သော မိခင်နှင့်ဖခင်ဖြစ်ပေသည်။
"အရင်ချိန်တွေပြန်ရောက်သွားသလိုပဲနော်..."
အနားကိုရောက်လာတဲ့ Jiraiya အပြောကို Naruto ပြုံးပြရင်းထောက်ခံလေသည်။ ရွာမှထွက်သွားသည့် ကာလအတွင်း သူ့ကိုယ်ထဲမှ nine tailed beast ကို ထိန်းချုပ်ရန် မရပ်မနားလေ့ကျင့်ခဲ့စဉ် သူသေမလိုဖြစ်ခဲ့ရတယ်။ သို့ပေမယ့် အမှောင်ထဲကအလင်းဆိုသလို သူ၏မိခင် ဆိုသူက ရောက်ရှိလာခဲ့ပြီး အတွင်းအားနဲ့ ကူညီပေးခဲ့တယ်။ သူနားမလည်ခဲ့ပါ~~ သူတွေးခဲ့မိသလောက် မိဘများဟာ အတော်တန် အရွယ်ရလောက်ပြီလို့ ထင်ခဲ့သော်လည်း ထိုအခါမှသူသိလိုက်ရတာက သူ့မိဘ၂ပါးဟာ ငယ်ရွယ်စဉ်မှာပဲ သူ့အတွက်နှင့် ရွာအတွက် အသက်ပေးကာကွယ်ရင်း သေဆုံးခဲ့ကြခြင်း~~ ထိုအခြင်းအရာတွေကို မိခင်ဖြစ်သူ Uzumaki Kushina က အလုံးစုံပြောပြခဲ့၏
ESTÁS LEYENDO
I don't mind ||NaruSasu||
Fanficတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists