ကိုယ်တစ်သက်လုံး ဖြစ်လာမယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေက ကိုယ့်ရှေ့တည့်တည့်မှာပဲ ဖြစ်လာတဲ့အခါ ခဏအကြာတော့ ရပ်တန့်သွားမိမှာ သေချာတယ်..
"nah Naruto.."
"Huh 😯"
"ဟိုအရင် ငါတို့ငယ်ငယ်က Moon Country mission ကိုမှတ်မိလား"
အဆက်အစပ်မရှိ မေးလာတဲ့ Sakura ရဲ့.မေးခွန်းကို Naruto နည်းနည်း စဉ်းစားလိုက်ရတယ် 😕~ Moon Country mission ဆိုတာ သူတို့ genin အရွယ် နွေရာသီပူအိုက်ချိန်မှာ အခြားရပ်ဝေးတိုင်းပြည်ကို သွားခဲ့ရတဲ့ mission~~ Moon Country ရဲ့. အရှင်မင်းသားနဲ့ သူ့သားတော်ကို ကာကွယ်ပေးခဲ့ရတာ.. အဲတော့မှ မျက်လုံးထဲ ပြန်မြင်လာတယ်~
[Naruto movie 3 Gurdians of Crescent Moon Kingdom - Itsuki Hikaru]မင်းသားငယ်လေးရဲ့. မျက်မှန်အဝိုင်းနောက်က မျက်လုံးရွဲရွဲတွေ~~ အဲ့တုန်းက အဲ့ကလေး ၉ နှစ်လောက်ပဲ ရှိပါဦးမယ်.. အခုဆို လူပျိုပေါက်လေး ဖြစ်နေလောက်ပါပြီ 😊 နှစ်တွေလည်း ကြာခဲ့ပြီပဲ..
"မှတ်မိတယ်လေ Hikaru တို့မဟုတ်လား 😃"
"အေး ဟုတ်တယ်.. သတင်းထူးကတော့ မင်းသားလေး Hikaru ဒီကိုလာမယ်တဲ့လေ 😯"
"Huhh?? Hikaru က ဘာလို့လဲ ဒီလောက်အဝေးကြီးကို.."
"သေချာမသိဘူး မကြာခင်ရောက်တော့မယ်တဲ့ Tsunade-sama နဲ့ ဘာအစီအစဉ် ရှိလို့ပါလိမ့်"
"သူ ဘာတွေကြံနေလဲ ငါတို့မသိနိုင်ဘူး 😏 အဘွားကြီးက မထင်ရင်မထင်သလို"
"Naruto! 😡 နင် Tsunade-sama ကို ရိုသေသင့်တယ် ဘာလို့ အဘွားကြီးပဲခေါ်နေလဲ?!"
"Nandayo??!! 😲"
ပိကျိပိကျိနဲ့ စကားတွေပြောပြီး ထွက်သွားတဲ့ Sakura ကမှ တကယ့်အဘွားကြီးရယ် 😐😐
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists