Naruto နဲ့ Sasuke တို့အပေါ် Kakashi ပေးတဲ့ အပြစ်ဒဏ်က တစ်နေကုန်သွားခဲ့ပြီ~ အခုထိ လက်ကဖြုတ်လို့မရသေး.. နှစ်ယောက်သား ဘယ်မှမသွားချင်တာမို့ Naruto အိမ်ထဲမှာပဲ စာအုပ်ဖတ်လိုက် TV ကြည့်လိုက်လုပ်နေကြရတာ~~ နေနိုင်တဲ့လူကနေနိုင်ပေမယ့် မနေနိုင်တဲ့ Sasuke က Naruto ရဲ့ မဟာ အမှိုက်ပုံကြီးကိုရှင်းလိုက်ရသေးရဲ့။ ဒါတောင် Naruto က မကူညီချင်ဘူး...
"oh..kakoii... ပြောင်ရှင်းနေတာပဲ"
"😒 ထူးဆန်းလား"
"ငါဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူး haha"
"ဘယ်မြင်ဖူးမလဲ ရှင်းမှမရှင်းတာ dobe!"
"oi..!!! ငါ့ကို dobe လို့မခေါ်နဲ့ "
(dobe (ဒိုဘဲ့) = idiot)
ပိကျိပိကျိနဲ့ရန်ဖြစ်ပြီး အလိုမတည့်ဖြစ်ကာ ကျောပေးထိုင်လိုက်ပြီးနောက် နှစ်ယောက်သား မောသွားပုံနဲ့ ငြိမ်ကျသွားပြန်တယ်~ အဲ့အချိန်မှာ Sasuke က စာရွက်လိပ်ကိုယူဖတ်တယ်~ Naruto က TV ဆက်ကြည့်တယ်~ 15 min လောက် ကြာသွားတော့ ပျင်းသွားပြန်တယ်~ ဒီလိုလက်ကြီးတွဲနေတာနဲ့ ရွာထဲလျှောက်သွားနေလို့မှမသင့်တော်တာကို..... အိမ်ထဲမှာ နေတာကြာလာပြန်တော့လည်း ပျင်းတယ်
"ငါ့ရဲ့. daily routine လည်းမလုပ်ရဘူး "
"မင်းကဘာလုပ်လို့လဲ"
"ငါကနေ့တိုင်း exercise လုပ်တယ်လေ.. ဒါမှ ခန္ဓာကိုယ်က အမြဲတမ်းသွက်လက်နေမှာ.."
"ဒါဆိုမင်းကစာမကျက်ဘူးပေါ့"
"လုံးဝပဲ 😪"
//Genin ဘယ်လိုဖြစ်လာလဲမသိ 😒//
Sasuke လည်း သူမကြားအောင် ပွစိပွစိပြောလိုက်ရင်း စာရွက်လိပ်ကိုဖတ်ကြည့်တယ်~ တကယ်ကိုဘာမှသေချာမမှတ်ထားဘူး အဲ့အကောင် ဘယ်လိုမျိုးကျော်ခွပြီး Genin ဖြစ်လာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး~ Sakura ကမှ သူ့ထက်ပိုတော်ဦးမယ်...
စာရွက်လိပ်ကိုဘေးတွန်းလိုက်ချိန် အတွေးထဲမှာ နောက်တစ်မျိုးဝင်လာပြန်တယ်~
အရေးကြုံလာတဲ့အခါတိုင်း Sakura က လူဆိုးလက်ထဲရောက်သွားတတ်တယ်~ မိန်းကလေးလည်းဖြစ်တော့ သူတို့နှစ်ယောက်လောက် ဘယ်မြန်ပါ့မလဲ.. အဲလိုအချိန်တိုင်း Sakura ကို ကယ်ဖို့ Naruto နဲ့ပဲ ပူးပေါင်းတိုက်ခိုက်ခဲ့ရတယ်.. စာမကျက် စာမဖတ်ပေမယ့် အရေးအကြောင်းဆိုရင် ခေါင်းထဲက plan တွေ ထွက်လာတတ်တဲ့ Naruto ကြောင့်သာ Sakura ကို အချိန်မှီကယ်နိုင်ခဲ့တယ်...
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတခ်ို့အခ်စ္ေတြဆိုတာ အျမင္ကတ္လို့ ရန္ခဏခဏျဖစ္ရာကေန ခ်စ္သြားတာမ်ိဳး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists