ဟိုအရင်ချိန်က တည်ငြိမ်သပ်ရပ်ခဲ့တဲ့ Uchiha Clan~ သွေးမစွန်းခင်အချိန်က တကယ်အေးချမ်းခဲ့တဲ့နေရာလို့ ပြောလို့ရတယ်~ အရင်က ပြေးလွှားခဲ့ဖူးတဲ့ လျှောက်လမ်းတွေပေါ် Sasuke ပြန်လျှောက်နေမိတယ်~ ဒါဟာ အိပ်မက်ဆိုတာ သူသိတယ်.. နံရံပေါ်က Uchiha Clan တံဆိပ်ဆေးရေးတွေ အိမ်အဝင်ဝ ခေါင်မိုးတွေမှာ တန်းစီချိတ်ထားတဲ့ အဝတ်လေးတွေက အရင်အချိန်တွေကိုသတိရစေတယ်..
ဘာလို့လဲ? ဒါဟာ အိပ်မက်ဆိုရင်တောင် အခြားနေရာတစ်ခုမှာ ဖြစ်လို့မရဘူးလား 😔ဘာလို့ ဒီနေရာကိုမှ အိပ်မက်မက်ရတာလဲ?
"Sasuke.."
".......nii-san"
အရင်က ညီအစ်ကိုနှစ်ယောက် အတူလျှောက်ခဲ့ဖူးတဲ့ လမ်းမှာ Itachi ရပ်နေတယ်.. Clan တံဆိပ်ပါ အဝတ်လေးတွေက လေယူရာလှုပ်ခတ်နေပြီး Itachi အပြုံးတွေဟာ လေပြေလို အေးမြနေတယ် 🍃
"Nii-san..."
သူပြေပြေလေး ပြန်ပြုံးပြမယ်ရုံ ရှိသေးတယ်.. Itachi မျက်လုံးနဲ့ နှုတ်ခမ်းမှာ သွေးတွေ စီးကျလာခဲ့တယ် သူ့ကို ပြုံးပြနေတဲ့ သူ့ရှေ့က သူ့အစ်ကို Itachi ဟာ ခဏချင်းတွင်းမှာ သွေးတွေနဲ့ ရှုမကောင်းအောင် ဖြစ်သွားတယ်
"Nii-san!!"
Sasuke ခြေထောက်တွေ လှုပ်လို့မရ.. ချက်ချင်း ကျောက်သားအတိ ဖြစ်သွားပြီး Itachi ရှိရာသို့ မသွားနိုင်တော့ပေ မဖြစ်ပါ~ Itachi သွေးတွေကို သုတ်ပေးရမယ် ဒဏ်ရာတွေကို ကုပေးရမယ်!!!
"ငါတစ်ခုပဲ တောင်းဆိုချင်တယ်.."
"....."
"ငါ့ကိုခွင့်လွှတ်ပါ Sasuke"
"Nii-san!! မဟုတ်ဘူး ဘာတွေပြောနေတာလဲ!!"
"Sayonara 😊"
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတခ်ို့အခ်စ္ေတြဆိုတာ အျမင္ကတ္လို့ ရန္ခဏခဏျဖစ္ရာကေန ခ်စ္သြားတာမ်ိဳး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists