လေထုကငြိမ်သက်နေတယ်.. မြေပြင်မှာ အလိမ်းလိမ်းထနေသော ဖုန်မှုန့်တွေကြောင့် မြင်ကွင်းဟာ ဘာဆိုဘာမှ မမြင်ရပေ၊ ဤနေရာ၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့ပုံရသည်.. ဖုန်မှုန့်များကို ရုတ်တရက် လေထုက တိုက်ခတ်လိုက်တဲ့အခါ ရှင်းလင်းစွာ မြင်ရလာတဲ့ ထိုနေရာသည် မနှစ်မြို့ ဖွယ်ကောင်း၏~ မြေပြင်မှာ စိုက်ကျနေတဲ့ ဓား လှံတွေနဲ့ အလံတိုင်တွေဟာ တရွဲ့တစောင်း များပြားလို့ရယ်.. ထိုတင်မက အတုံးအရုန်း ဇီဝိန်ချုပ်ပြီးဖြစ်သော စစ်သားတို့ရဲ့ ရုပ်ကလာပ်များမှာလည်း မရေမတွက်နိုင်အောင်ပင်။ မတူညီမသင့်မြတ်သော မျိုးနွယ်စု ၂ စုရဲ့ သူ့ထက်ငါ အာဏာပြိုင်မှုတွေကြား လူတော်များစွာ အသက်ဆုံးခဲ့ရပြီ~~
(3rd shinobi war ပုံကိုမှီငြမ်းပါတယ်)
"Shishigaran"
ထိုမြင်ကွင်းကို ငြိမ်သက်စွာ ရပ်ကြည့်နေသော လူငယ်အနားကို အဘိုးအိုတစ်ဦး ရောက်လာရဲ့
"မင်းမြင်ပြီမလား အတ္တကြီးခြင်းရဲ့ အဆုံးသတ်"
ခရမ်းရင့်ရောင်ဆံနွယ်တွေပေါ် မှီတင်နေတဲ့ ဖုန်အချို့ကို ဖယ်ခါလိုက်ပြီးနောက် ကောင်လေးက အသာအယာပြုံးတယ်~
"ဒါတွေမြင်လည်း ဘာမှမထူးခြားသွားဘူး အဘိုးကြီး ကျုပ်နဲ့မသက်ဆိုင်ဘူး"
"မဟုတ်ဘူး ဒါမင်းအတွက် ဥပမာကောင်းတစ်ခုပဲ သတ်ဖြတ်ခြင်းဟာ ဘာကောင်းကျိုးမှ မဖြစ်စေဘူးဆိုတာကို ဒါကပြတယ်"
"Hump.. ဂရုစိုက်စရာလား"
"Shishigaran...မင်းဟာ မသေခြင်းစွမ်းအင်ကို ရပြီးသူပဲ ဘာကြောင့်များ လူတွေကိုသတ်ဖြတ်ပြီး မင်းရဲ့ ထာဝရရှင်သန်မှုကို ဖြုန်းတီးမှာလဲ 😔"
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists