မနက်ခင်းအခန်းမှောင်ထဲ အနမ်းတွေဝေခဲ့တဲ့ သူတို့နှစ်ယောက် အိပ်ပျော်သွားလိုက်တာ ညဘက်မှာနိုးလာကြသတဲ့~ အရင်နိုးလာတဲ့ Anbu လေးက ကိုယ်လက်သန့်စင်ပြီး ထမင်းစားခန်းကစားပွဲမှာ ထိုင်နေလေရဲ့.... သူ့မှာ ပထမဆုံးအကြိမ်မှာ ထိုက်ထိုက်တန်တန်ကိုအနမ်းခံထားရလို့ ခေါင်းတွေတောင်မူးနေဆဲ...
ထိုစဉ် ဝရံတာဘက်ကတိုက်ခတ်လာတဲ့ ညလေအေးကြောင့် ကိုယ်လုံးလေးတွန့်သွားတယ်~ သူတို့တံခါးတစ်ချပ်မပိတ်မိဘူးပဲ~ ညအချိန်အခါမို့လို့ Konoha ရဲ့.မီးရောင်တလက်လက်နဲ့ လှပနေသောမြင်ကွင်းကိုမြင်နေရတယ်.. ခြံဝန်းလေးနဲ့ကြီးပြင်းလာတဲ့ Sasuke အဖို့ အပေါ်စီးကမြင်ရတဲ့ ရှုခင်းတွေကိုမခံစားတတ်ခဲ့ဘူး.. အားလပ်တဲ့အခါ အမြင့်ကိုတက်ပြီးကြည့်ရကောင်းမှန်းလည်း သူမသိခဲ့ဘူးလေ~~ တိုက်အမြင့်မှာနေတဲ့ Naruto ကတော့ အချိန်တိုင်းလိုလို အမြင့်တွေပေါ်တက်ပြီး Konoha ရဲ့.အလှကိုကြည့်လေ့ရှိတယ်~
"တကယ်လှတာပဲ..."
ဝရံတာဘက်သွားမလို့ မတ်တပ်ထရပ်လိုက်ချိန်မှာပဲ ပခုံးနဲ့ရင်ဘတ်ကိုသွယ်ဝိုက်လာတဲ့ လက်တစ်စုံ~~ Sasuke တစ်ခဏလောက် ရပ်တန့်သွားတယ်~ နှာဖျားထိပ်ကိုကျီစယ်လာတဲ့ အနံ့တစ်မျိုးကြောင့် သူ့ကိုဖက်ထားတာ Blonde hair နဲ့ Naruto မဟုတ်ဘူးဆိုတာ...
"Ohayo Sasuke..😉"
ပြောလည်းပြော နားထင်စပ်ကိုလာနမ်းတာမို့ Sasuke နည်းနည်းတော့တုန်သွားတယ်~ 😐
ထိုစဉ် ရုတ်တရက် သူတစ်ခုတွေးကြည့်မိတယ်~~
Naruto ဒီလိုနှစ်မျိုးဖြစ်နေတာ အကြောင်းရှိကိုရှိတယ်~ သတ်မှတ်ရက်ရောက်တဲ့အထိ စောင့်နေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်းကို စမ်းသပ်သင့်တယ်လို့တွေးမိတယ်~~
BINABASA MO ANG
I don't mind ||NaruSasu||
Fanfictionတခ်ို့အခ်စ္ေတြဆိုတာ အျမင္ကတ္လို့ ရန္ခဏခဏျဖစ္ရာကေန ခ်စ္သြားတာမ်ိဳး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists