အချိန်ရာသီတွေ ကူးလိမ့်လာရင်း ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ~ ချမ်းစိမ့်စိမ့်ရာသီဥတုဟာ လေအဝှေ့မှာ လူတစ်ကိုယ်လုံးခိုက်ခိုက်တုန်သွားစေတယ်~ ဒါတောင် ဆောင်းဦးရာသီပဲ ရှိသေးတာရယ်~~ သစ်ပင်ထက်မှာ သစ်ရွက်စိမ်းတို့လည်း ရော်ရွက်ဝါအဖြစ် ပြောင်းလဲနေပြီ~
အနီတစ်ဖုံ🍁🍂 အဝါတစ်ဖုံ လှပနေကြတဲ့ သစ်ပင်တွေ ဝေဆာနေကြပြီ ဖြစ်သော်လည်း Konoha ရွာကြီးမှ သစ်ပင်များကတော့ စိမ်းလန်းလျက် ရှိနေပါသေးတယ်~"သစ်ရွက်ထဲမှာ ဖုံးကွယ်ထားတဲ့ရွာ" သို့မဟုတ် "သစ်ရွက်ပုန်းရွာ" လို့ အမည်ရတဲ့ Konohagakure ရွာကြီးဟာ အရင်ထက် ပို၍ စိမ်းလန်းနေတော့တယ်~ Shinobi တွေကလည်း တာဝန်ကိုယ်စီထမ်းနေဆဲ ဖြစ်သလို ရွာသူရွာသားအပေါင်းကလည်း Rinne Festival ကျင်းပဖို့ ပြင်ဆင်ရင်း ပျော်ရွှင်နေကြပြီ..
[Rinne Festival က Konoha မှာ ကျင်းပတဲ့ ဆောင်းရာသီပွဲတော် တစ်မျိုးပါ.. ချစ်ခင်ရသူတွေနဲ့ လက်ဆောင်လဲကြတယ် ဆိုပါတယ်]
သို့ပါသော်လည်း 😖😖
"အများပျော်လို့ မပျော်နိုင်" ဆိုတဲ့ စကားအတိုင်း သူများတွေ ပျော်မြူးနေကြချိ န် Naruto-kun တစ်ယောက်မှာတော့ လေ့ကျင့်ရေးဆင်းနေရပါတယ် 😆 လေ့ကျင့်ရာမှာလည်း Konoha ထဲမှာမထင်လိုက်ပါနဲ့~ သူ့ရဲ့. ချစ်သော Jiraiya-sama က လေ့ကျင့်လို့ ပိုကောင်းအောင် အေးချမ်းတိတ်ဆိတ်တဲ့ သာမန်ရွာလေးတစ်ရွာမှာ အခြေချ ထားပါရဲ့.~~
Naruto အနေနဲ့ chunin အရွယ် တတ်သင့်တတ်ထိုက်တာတွေ ကျွမ်းကျင်နေပြီဆိုလည်း သူသည် သာမန် ninja မှမဟုတ်ဘဲ... ရှေးယခင် သမိုင်းကြောင်းမှာတည်းက နာမည်ကြီး အန္တရာယ်ကြီးလှတဲ့ Biju ခေါ် talied beast တွေထဲက တစ်ကောင်ကို ပိုင်ဆိုင်ထားရသူလေ.. Tailed beast ထဲမှာမှ အဆိုးဆုံးနဲ့ အားအကြီးဆုံး Nine tailed Fox 🐺 ကိုမှ ထိန်းသိမ်းထားရသူ ဖြစ်နေလေတယ်.. Seal နှစ်ထပ်ထဲက တစ်ထပ်ပဲ ဖြုတ်လိုက်ရင်တောင် ရွာတစ်ရွာလောက်ကို အသာလေးဖျက်ပစ်နိုင်တဲ့အထိ ဆိုးရွားပြင်းထန်သော chakura ပိုင်ရှင်..... ဒါကို ထိန်းချုပ်ဖို့ သူသင်ယူရမည်~~ 😔
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists