သာယာလှပတဲ့ နံနက်ခင်းမှာ နားရက်ရထားတဲ့ Itachi တစ်ယောက် မတွေ့တာကြာပြီဖြစ်တဲ့ သူ့ညီ Sasuke အတွက် မနက်စာပြင်နေပါတယ်~
Anbu တစ်ယောက်ဖြစ်တဲ့ Itachi အနေနဲ့ အမြဲတမ်း mission တွေပဲ ထွက်နေရလို့ Sasuke နဲ့ တွေ့ချိန်က ခပ်ရှားရှားရယ်~ Sasuke ကိုယ်တိုင်ကလည်း genin တစ်ယောက်ဖြစ်လို့ အိမ်မှာနေရတယ်သိပ်မရှိပါဘူး~ Anbu ထက်စာရင်တော့ Genin လေးတွေက သက်သာတာပေါ့~ Anbu ဆိုတာက အဝေးရောက် mission ပေးခံရတာများတယ်လေ~ ပြီးတော့ mission တိုင်းကလည်း အသေသတ်ရတာတွေချည်းပဲ~
ဟုတ်တယ် ကိုယ်မသတ်ရင်ကိုယ်အသေပဲ~
(အဲလိုလုပ်ရဲတဲ့လူက သူ့ညီကို အရမ်းချစ်တဲ့အစ်ကိုတစ်ယောက်ဆိုတာ ငါတို့ပဲသိတယ် Itachi ရယ် လွမ်းလိုက်တာ)
Uchiha Itachi ♥
ကြက်ဥကြော်ကိုသေချာဂရုစိုက်နေရင်း Itachi တွေးမိတာက... Sasuke မနေ့ညတည်းက အခန်းအောင်းနေတာ ဘာလို့လဲဆိုတာပဲ~ mission ပြီးလို့အိမ်ပြန်လာရာက Sasuke ကို ရေကန်နားမှာတွေ့တယ်~ Sasuke ပုံစံက ကြောက်စရာတစ်ခုခုကိုမြင်လိုက်ရသလိုမျိုး မျက်လုံးတွေကဝိုင်းစက်နေပြီး ဖင်ထိုင်လျက်လဲကျနေတယ်....
သူသိသလောက် Sasuke က တော်ရုံတန်ရုံ မကြောက်တတ်ဘူး~ ပြန်လာတော့လည်း အခန်းအောင်းနေတယ်~ ဒါဆိုတော်တော် ဆိုးရွားတာကိုများမြင်လိုက်လို့လား? အဲ့မတိုင်ခင် Naruto ပြေးထွက်သွားတာတော့ မြင်လိုက်တယ်~ Naruto နဲ့အတူရှိနေတုန်း မြင်လိုက်တာလား? ဒါဆို Naruto သိနေမလား??
"Ohayo...."
ကြက်ဥကြော်လှလှလေးကို ပန်းကန်ထဲလည်း ထည့်အပြီး ထမင်းစားခန်းထဲကို Sasuke ဝင်လာတယ်~ မျက်နှာသန့်စင်ပြီးပြီထင်ရဲ့... သို့သော်လည်း မျက်နှာလေးက သိပ်မလန်းပေ~
YOU ARE READING
I don't mind ||NaruSasu||
Fanfictionတချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ တချို့အချစ်တွေဆိုတာ အမြင်ကတ်လို့ ရန်ခဏခဏဖြစ်ရာကနေ ချစ်သွားတာမျိုး~ Naruto 💙 Sasuke NARUSASU FANFICTION Arts credit to artists