အပိုင်း-၁၂

3.5K 275 2
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၁၂

baekkie သူ့အခန်းပြတင်းပေါက်မှာရပ်ပြီး အပြင်ကိုငေးကြည့်နေတယ်။အတွေးတွေကတော့ မနေ့ကအချိန်ကိုပြန်စဉ်းစားနေတယ်။baekkie သူ့နှုတ်ခမ်းလေးကိုထိရင်း မနေ့ကchanyeolနမ်းခဲ့တဲ့အချိန်ကို ပြန်စဉ်းစားနေခဲ့တယ်။chanyeolအတွက်တော့ ဘယ်နှကြိမ်မြောက်အနမ်းမှန်းမသိပေမဲ့ baekkieအတွက်ကတော့ ပထမဆုံးအနမ်းပါ။

baek:baekkieမခံစားချင်ဘူးchanyeol shi။baekkieကိုဒဏ်ရာတွေထပ်မပေးရင်ကောင်းမယ်။ဒါပေမဲ့အဲ့ဒဏ်ရာတွေကိုbaekkieကပဲလိုလိုလားလားယူမိပြီထင်တယ်။

baekkieတစ်ယောက်တည်း မျက်ရည်လေးတွေဝဲကာပြောရင်း နှုတ်ခမ်းပေါ်က လက်လေးတွေကို ရင်ဘက်ပေါ်ပို့လိုက်ပြီး နှလုံးခုန်နှုန်းကို စမ်းကြည့်လိုက်တော့ ပုံမှန်အခြေအနေပါပဲ။ဒါပေမဲ့ chanyeolနမ်းခဲ့တဲ့အချိန်တုန်းကတော့baekkieရင်တွေ တအားခုန်နေခဲ့တယ်။chanyeolနမ်းတဲ့အချိန်တုန်းက ခံစားချက်မရှိကျောက်ရုပ်လိုရပ်နေခဲ့ပေမဲ့ သူခံစားနေရတာကိုတော့ သူပဲသိမှာပါ။သူ့ရဲ့နှလုံးခုန်သံကို chanyeolကြားသွားမှာစိုးလို့ အသက်အောင့်ပြီးနေခဲ့တာ။baekkieသိပါတယ်။chanyeolက သူ့ကိုချစ်လို့နမ်းတာမဟုတ်ဘဲ yoonaပေးထားတဲ့တာဝန်ကို ထမ်းဆောင်ဖို့နမ်းတာဆိုတာကို။အဲ့ဒါကြောင့် baekkieပြန်မတုန့်ပြန်ခဲ့တာ။နောက်ပြီးတော့ chanyeolသူ့ကို မပြောသင့်တဲ့စကားတွေပြောလာတယ်။chanyeolဟာ အဲ့လိုလူမဟုတ်မှန်းbaekkieသိပါတယ်။အဲ့ဒါကြောင့် baekkieကလည်း chanyeolစကားနဲ့လိုက်လျောညီထွေအောင် ပြန်ပြောလိုက်တာ။chanyeol သူ့ကိုအထင်သေးချက်ရင်သေးသွားနိုင်ပေမဲ့ yoonaအတွက်ကြောင့်နဲ့ chanyeolကို ရိုင်းစိုင်းတဲ့လူတစ်ယောက်မဖြစ်စေချင်တာ baekkieဆန္ဒ။ပြီးတော့ minhoရဲ့စကားကြောင့် chanyeol sehunနဲ့သူ့ကို သံသယမျက်လုံးတွေနဲ့ကြည့်နေတယ်။သဝန်တိုတာမဟုတ်ဘဲနဲ့ အစ်မရဲ့ရည်းစားကိုတောင် မချန်ဘူးလို့ပြောချင်နေတဲ့ မျက်ဝန်း၊ yoonaမောင်ကိစ္စ လက်စားမချေရမှာကို စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာကို baekkieဘယ်လိုအင်အားမျိုးနဲ့ကြည့်နေနိုင်မှာလဲ။sehunဟာ chanyeolအစား baekkieကိုကာကွယ်ပေးနေတာကို သူမသိဘူး။sehunကရောဂါဖြစ်နေတဲ့ baekkieစောင့်ရှောက်ပေးနေတယ်ဆိုတာလည်း သူမသိဘူး။သူသိတာက baekkieဟာ ဗီလိန်တစ်ယောက်ဆိုတာကိုပင်။ ဗီလိန်လည်းအသည်းနှလုံးနဲ့ပါ။ဗီလိန်လည်း ချစ်တတ်ပါတယ်။ဗီလိန်ဆိုတိုင်းလည်း သူများအတွဲတွေကို မဖျက်စီးတတ်ပါဘူး။အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးကိုခွဲပြီး ကိုယ်ချစ်တဲ့သူကိုလုယူလို့ ဗီလိန်ဆိုပြီး အများကခေါ်ကြပေမဲ့ ဘယ်လိုဗီလိန်မျိုးကမှ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကို မရရှိကြဘူး။မင်းသားတွေ မင်းသမီးတွေရဲ့ ပေးဆပ်ခြင်းအချစ်ကိုတော့ လူအများကလက်ခံပြီး သနားကြပေမဲ့ ဗီလိန်တွေရဲ့ပေးဆပ်ခြင်းအချစ်ကိုတော့ မမြင်ခဲ့ကြဘူး။

အတ္တဆန်စွာချစ်ခွင့်ပေးပါWhere stories live. Discover now