အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၂၇baekkieနဲ့chanyeol တစ်လအတွင်းမှာ တော်တော်လေးရင်းနှီးသွားကြတယ်။အပြင်ကိုကတော့ သိပ်မထွက်ဖြစ်ပေ။ဟိုတစ်ခါ ကုန်တိုက်သွားတာ ပင်ပန်းပြီး baekkieဖျားသွားလို့ chanyeolမျက်လုံးပြူးရသေးတယ်။ဟိုကလေးက နေကောင်းတာမှမကြာသေးတာကို။အဲ့နောက်ပိုင်း baekkieအိမ်ထဲမှာပဲ အောင်းနေတယ်။chanyeolလည်း အားတဲ့နေ့တိုင်း baekkieနဲ့ လမ်းထိပ်က mini martလောက်တော့ သွားဖြစ်တယ်။baekkieအတွက်လည်း မုန့်တွေဟင်းတွေကိုလည်း တစ်နေ့တစ်မျိုးမရိုးအောင် ချက်ကျွေးလွန်းလို့baekkieလည်း ဝက်ပုပ်ဖြစ်တော့မယ်။
baekkieသူနဲ့chanyeolရဲ့ ဒီတစ်လအတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ပုံစံလေးတွေကို ပြန်တွေးနေတယ်။
baek:chanyeol shi.baekkieလေ
chanyeol shiကိုသိပ်ချစ်တယ်baekkie chanyeolအခန်းလေးကိုငေးရင်းပြောလိုက်တယ်။chanyeolသူ့ကိုမချစ်သေးပေမဲ့သံယောဇဉ်တော့ရှိနေပါပြီ။အဲ့သံယောဇဉ်ကနေအချစ်အဖြစ်ကိုပြောင်းသွားဖို့ပဲလိုတော့တာ။
ခနနေတော့chanyeolကားလေစင်ဝင်အောက်မှာရပ်လာတယ်။baekkieပြေးဆင်းသွားပြီးchanyeolကိုသွားကြိုတယ်။
baek:chanyeol shi
chanyeolပြန်လာတိုင်းအပြုံးလေးတစ်ပွင့်နဲ့ကြိုဆိုနေတာအကျင့်ဖြစ်နေပြီ။သူများတွေလိုမောလာလား၊ပင်ပန်းနေလားဆိုတဲ့ထွေထွေလာစကားတွေပြောလေ့မရှိပေမဲ့baekkieရဲ့အပြုံးလေးကတော့chanyeolရဲ့တစ်နေ့တာအမောတွေကိုပြေသွားစေတယ်။
*baekkieကတော့ဆေးကောင်းတစ်လက်ကိုရှာတွေ့ထားတာပါပဲ*
yeol:baekkieအိမ်မှာတစ်ယောက်တည်းနေရတာမပျင်းဘူးလား
baek:ပျင်းစရာလားကိုယ့်အိမ်ကိုယ်နေတာကို
yeol:ကဲပါဟုတ်ပါပြီ။အခုလောလောဆယ်တော့ရေသွားချိုး
baek:ဘာလို့လဲ
yeol:သွားစရာနေရာရှိတယ်
baek:ဘယ်သွားမှာလဲ
chanyeolရဲ့သွားစရာရှိတယ်ဆိုတဲ့စကားကိုကြားရင်baekkieလန့်လန့်သွားတယ်။သွားစရာဆိုတဲ့အတိုင်းbaekkieကိုတစ်နေ့လုံးမညှာမတာလမ်းလျှောက်ခိုင်းပြီးပြီမဟုတ်လား။
YOU ARE READING
အတ္တဆန်စွာချစ်ခွင့်ပေးပါ
Fanfictionဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu