အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၄၅at universe cafe
baekkie,minhoနဲ့yoonaတို့ကော်ဖီဆိုင်ထဲမှာထိုင်နေကြတယ်။minhoနဲ့yoonaကတော့ကော်ဖီမှာထားပေမဲ့baekkieကတော့နွားနို့တစ်ခွက်ပဲမှာထားတယ်။chanyeolဟာcoffeeကြိုက်သလောက်baekkieဟာကော်ဖီကိုမုန်းတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ညှိမရတဲ့အချက်တစ်ခု။သို့ပေမဲ့နားလည်ပေးသည်။ဖြစ်ပျက်ခဲတဲ့အဖြစ်အပျက်တွေကြားမှာသူတို့နစ်ယောက်ရဲ့သံယောဇဉ်ဟာနက်နဲလာခဲ့တယ်။ယုံကြည်လာခဲ့တယ်။အချစ်တွေကိုမျှဝေခံစားရင်းခန္ဓာကိုယ်ချင်းရင်းနှီးခဲ့ကြတယ်။
သို့ပေမဲ့နောက်ထပ်စိန်ခေါ်မှုဟာထပ်ရောက်ရှိလာတယ်။အဲ့ဒါကတော့baekkieဖန်တီးထားတဲ့ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း။တစ်နည်းအားဖြင့်သူနဲ့yoonaတို့ရဲ့ပြိုင်ပွဲ...
yoonaဖိတ်စာအိတ်လေးကိုbaekkieရှေ့မှာချပေးလိုက်တော့baekkieယူကြည့်လိုက်တယ်။အကြောင်းအရာကိုဖတ်ပြီးတော့
baek:မြန်လိုက်တာ။ကိစ္စတွေကတောင်မတည်ငြိမ်ချင်သေးဘူး။လက်ထပ်တော့မယ်ပေါ့
minho:အမှန်တော့နောက်တောင်ကျနေပြီbaekkieရဲ့။baekkieနဲ့yoonတို့ရဲ့ပြိုင်ပွဲမပြီးသေးလို့သာစောင့်နေတာ။ကိုယ်ကလက်ထပ်ချင်နေတာကြာပြီ
baek:တောင်းပန်ပါတယ်။baekkieကြောင့်ပါ
yoona:baekkieကြောင့်ရယ်တော့ဘယ်ဟုတ်ပါ့မလဲ။နှစ်ယောက်စလုံးစခဲ့မှာတော့နှစ်ယောက်စလုံးနဲ့ပဲသက်ဆိုက်တာပေါ့
baekkieရီလိုက်ရင်းပူနွေးနေသေးသောနို့်ခွက်လေးကိုယူပြီးသောက်လိုက်တယ်။
yoona:baekkieကနောက်ဆုံးဝှက်ဖဲသုံးသွားလိမ့်မယ်လို့မထင်မိဘူး။yoonနိုင်မယ်လို့သေချာနေတဲ့အချိန်မှာbaekkieဝှက်ဖဲကြောင့်ရှုံးသွားခဲ့တယ်
baek:ဝှက်ဖဲရယ်လို့လဲမပြောနိုင်ပါဘူး။ဝှက်ဖဲဆိုတာကနိုင်ဖို့ကိုကျိန်းသေပြီးသားလေ။baekkieသုံးလိုက်တဲ့နည်းလမ်းက50%စီပါ။ကျိန်သေမရှိဘူး
yoon:ဒါပေမဲ့yoonအရှုံးကိုကျေနပ်တယ်။yeolသာyoonကိုရွေးခဲ့ရင်သူဆုံးရှုံးမှုဟာသိပ်ကိုများလွန်းသွားပြီ။သူချစ်ရတဲ့ချစ်သူ၊သူ့ကိုချစ်တဲ့ဇနီးနဲ့သူ့သမီး။အားလုံကိုတစ်ပြိုင်တည်းဆုံးရှုံးရလိုက်ရမှာ
minho:အမှန်တော့ဒီပွဲဟာစွန့်စားလွန်းတယ်။ပိုဆိုးတာကbaekkie။ပြိုင်ပွဲလေးတစ်ခုအတွက်နဲ့ဘဝနဲ့ရင်းပြီးယှဉ်ပြိုင်ခဲ့တာမိုက်မဲမှုတစ်ခုပဲ
baek:မိုက်မဲမှုမဟုတ်ပါဘူးminho oppa။baekkieသူ့ကိုတစ်ကယ်ချစ်ခဲ့လို့ပေးအပ်ခဲ့တာပါ။သမီးကိုလည်းသူ့ဆီမှာပဲထားခဲ့ပေးဖို့ဆုံးဖြတ်ပြီးသားပါ။ဒါပေမဲ့သူဟာyoonaလောက်တောင်သမီးကိုတန်ဖိုးမထားဘူးဆိုတာမြင်မိတော့အစီအစဉ်ပြောင်းသွားရတာပါ
yoona:baekkieကyeolကိုဘယ်အချိန်ကချစ်ခဲ့တာလဲ
baek:စစတွေ့တဲ့နေ့ထဲကချစ်သွားတာ
yoona:စစတွေ့တဲ့ရက်ဆိုတော့?ပြိုင်ပွဲမလုပ်ခင်တစ်ရက်?
baek:ဟုတ်တယ်။အဲ့နေ့က
yoona:ဒါနဲ့များbaekkieရယ်ဘာလို့ဗီလိန်နေရာမာနေရတာလဲ
baek:baekkieဗီလိန်ဇာတ်ကောင်ကိုကြိုက်တယ်လေ။ဗီလိန်လဲသူချစ်တဲ့သူရဲ့အချစ်ကိုရနိုက်တယ်ဆိုတာပြချင်လို့ပါ။မထင်မိဘူးနိုင်သွားလိမ့်မယ်လို့
minho:အဲ့လိုနိုင်ဖို့အတွက်baekkieပေးဆပ်လိုက်ရတဲ့တန်ကြေးတွေဟာများလွန်းတယ်။နာကျင်ခဲ့ရတာတွေဟာအဆမတန်ပဲ
baek:ဒါပေမဲ့baekkieကျေနပ်တယ်။yeolကbaekkieကိုချစ်တာပဲလေ။လုံလောက်နေပါပြီဒီလောက်ဆိုရင်
yoon:ဒါနဲ့baekkieနဲ့yeolနဲ့ရဲ့ဆုံတွေ့ပုံလေးကိုပြန်ပြောပြပါလား
baek:ပြောပြမယ်လေ
baekkie chanyeolကိုမြင်မြင်ချင်းချစ်ခဲ့တာကိုchanyeolယုံပါစေ...
ပြိုင်ပွဲကိုအကြောင်းပြုပြီးချစ်ခဲ့တာမဟုတ်လို့ဒီအကြောင်းစုံကိုသိလိုက်ရတဲ့အချိန်မှာchanyeol baekkieကိုစိတ်မဆိုးပါစေနဲ့...soo kaiကိုပြောခဲ့တဲ့အကြောင်းအရာတွေဟာbaekkieပြန်ပြောပြမဲ့အကြောင်းတွေနဲ့တူညီနေခဲ့လျှင်...
sooဟာလည်းဒီဇာတ်လမ်းမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တစ်ယောက်...########################
နောက်ကြောင်းပြန်တာကိုသက်သက်တစ်ပိုင်းရေးချင်လို့ပါ။တိုသွားမှန်းသိပေမဲ့နောက်တစ်ပိုင်းမှနောက်ကြောင်းပြန်ပေးမှာပါ။အားလုံးကိုကျေဇူးတင်ပါတယ်
Happy EXO 6years anniversary
oppaတို့ဒီထက်မကအများကြီးအောင်မြင်ပါစေ။မြဲတမ်းအားပေးနေတဲ့Lအဖြစ်ရှိနေပါ့မယ်။showပွဲတွေလဲလာနိုက်အောင်ကြိုးစားပါ့မယ်။oppaတို့လဲကျန်းမာရေးဂရုစိုက်ကြပါ။အရမ်းချစ်တယ်oppaတို့။exo ၁၂ယောက်ပြန်ဖြစ်ပါစေ...မှတ်မှတ်ရရဒါလေးကိုအရင်ကတင်ခဲ့တဲ့နေ့ကEXOရဲ့6နှစ်ပြည့် anniဖြစ်နေတော့မဖျက်တော့ပါဘူး။
ESTÁS LEYENDO
အတ္တဆန်စွာချစ်ခွင့်ပေးပါ
Fanficဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu