အပိုင်း-၃၄

4.3K 332 57
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၃၄

ဒီ၂နှစ်အတောအတွင်းမှာ chanyeolနဲ့yeollieတို့ တော်တော်လေးခင်မင်ခဲ့တယ်။chanyeolကလည်း baekkieနဲ့ပြဿနာတက်ပြီးကတည်းက yeollieလးကိုဂရုစိုက်လာတယ်။အခုချိန်ထိတော့ဘာပြဿနာမှမရှိသေးပေ။

ဒီနေ့yeollieလေး ကစားသွားချင်တယ်ဆိုလို့ ကစားကွင်းမသွားခင် ကုမ္မဏီကိုသွားလိုက်တော့ chanyeolအပြင်သွားတယ်တဲ့။အလုပ်ကိစ္စဖြစ်မယ်ထင်ပြီး baekkieနဲ့yeollieရုံးခန်းထဲမှာစောင့်နေခဲ့တယ်။

yeollieလေးက ရုံးခန်းထဲကပစ္စည်းတွေကိုဆော့နေလို့ မဆော့ဖို့ပြောနေတုန်း ရုံးခန်းတံခါးပွင့်သွားလို့ကြည့်လိုက်တော့ chanyeolဖြစ်နေတယ်။baekkie chanyeolကိုပြုံးပြလိုက်ပေမဲ့ အနောက်က ဝင်လာတဲ့နောက်ထပ်တစ်ယောက်ကြောင့် baekkieရဲ့အပြုံးတွေဟာ ပျောက်ကွယ်သွားခဲ့တယ်။

baek:yoona

ဒါဆိုchanyeolအပြင်သွားတယ်ဆိုတာနိုင်ငံခြားကနေပြန်လာတဲ့yoonaကိုသွားကြိုတာပေါ့

yeollieလေးကbaekkieလက်ကိုဆွဲပြီးဘေးနားမှာရပ်နေခဲ့တယ်။yoona yeollieကိုမြင်တော့

yoona:ကလေးရှိတယ်ဆိုတဲ့သတင်းအမှန်ပဲပေါ့

yoonaရဲ့အမေးကြောင့်chanyeolဘာပြန်ဖြေရမှန်းမသိတာနဲ့ဖြေလိုက်တာက

yeol:မတော်တဆ

chanyeolသူကိုယ်တိုင်တောင်မရည်ရွယ်ပဲပြောလိုက်မိပေမဲ့စကားကိုပြန်ထိန်းလိုက်တယ်

yeol:မဟုတ်....

chanyeol baekkieကိုကြည့်လိုက်တော့မျက်ရည်လေးအဝဲသားနဲ့ကြည့်နေတဲ့baekkieကြောင့်သူအမှားကျူးလွန်မိသွားပြီ။စကားဆိုတာပြောပြီးရင်ပြင်လို့ရတဲ့အရာမှမဟုတ်တာ။စာရွက်တစ်ရွက်ပေါ်မှာချရေးခဲ့တာမှမဟုတ်တာ...

baekkie yeollieကိုချီလိုက်ပြီး

baek:ommaတို့ပြန်ရအောင်

yeollie:ကစားကွင်း

yeollieလေးကစားကွင်းမသွားရလို့ငိုမဲ့ငိုမဲ့ဖြစစ်နေပေမဲ့baekkieမျက်ရည်ဝဲနေတာမြင်တော့ဆက်မပြောတော့ဘဲငြိမ်သွားတယ်။chanyeolကိုလည်းဘာမှမပြောသလိုyoonaကိုလည်းနှုတ်မဆက်မိ။အောင်နိုင်သူအပြုံးနဲ့ပြုံးနေတဲ့yoonaကိုမမြင်ချင်တာကြောင့်လည်းပါတယ်။

အတ္တဆန်စွာချစ်ခွင့်ပေးပါWhere stories live. Discover now