အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၃၉မနက်မိုးလင်းသော်
မှန်ချပ်တွေဆီကနေတိုးဝင်လာတဲ့အလင်းရောင်ကြောင့်chanyeolအရင်ဦးဆုံးနိုးလာခဲ့တယ်။baekkieကတော့သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတုန်းပင်။
chanyeolတစ်ချက်ပြုံးလိုက်ပြီးbaekkieရဲ့မျက်နှာပေါ်ကဆံပင်လေးတွေကိုသပ်တင်ပေးလိုက်တယ်။ပြီးတော့baekkieရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာကြည့်နေမိတယ်။baekkieမနေ့ကလျှောက်လည်လိုက်လို့တော်တော်မောသွားတဲ့ပုံပင်။အိပ်နေတာလှုပ်တောင်မလှုပ်ဘူး။
အရင်ကအတိုင်းပဲbaekkieကအမောမခံနိုင်သေးဘူး။သူများမိန်းကလေးတွေစိတ်ကြိုက်shoppingထွက်နေတဲ့အချိန်မှာbaekkieကတော့ကုန်တိုက်ကိုတစ်ပတ်ပြည့်အောင်တောင်မပတ်နိုင်ဘူး။yeollieလေးနဲ့အတူလျှောက်လည်လို့ရပေမဲ့baekkieကတော့အနီးအနားလေးလောက်ပဲသွားဖြစ်တယ်။မနေ့ကchanyeolနဲ့လျှောက်လည်တာတော်တော်ကြာသွားတော့baekkieကတော့ကိုယ်တွေလက်တွေကိုက်နေမှာတော့အမှန်...။
မနေ့ကchanyeol baekkieကို ဖက်ပြီးတော့ပဲအိပ်ခဲ့တာပါ။သူသာတောင်းဆိုရင် baekkieလိုက်လျောမှာမှန်ပေမဲ့ chanyeolအခွင့်အရေးမယူချင်တော့ဘူး။baekkie သူ့ကိုဘယ်လောက်အထိချစ်လဲဆိုတာ သူအသိဆုံးပဲလေ။အရင်က အပြစ်တွေအရမ်းများခဲ့တာတောင် baekkieက ချက်ချင်းပဲဖြေဖျောက်ပေးခဲ့တယ်။အရင်ကထက်မလျော့တဲ့ချစ်ခြင်းတွေနဲ့ ဆက်လက်ချစ်ပေးနေခဲ့တယ်။သူbaekkieကိုချစ်တဲ့အချစ်ထက်စာရင် baekkieသူ့ကိုချစ်တဲ့အချစ်က အရမ်းကိုသာလွန်းနေခဲ့တယ်။သူbaekkieအချစ်တွေနဲ့တန်ရောတန်ရဲ့လား?တခြားသူမပြောနဲ့ yeollieတောင် chanyeolကိုခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေကို baekkieကခွင့်လွှတ်ပေးခဲ့တယ်။
yeol:ကိုယ်baekkieအချစ်တွေကိုမှီအောင်ကြိုးစားရဦးမှာပဲ
chanyeol baekkieနဖူးလေးကိုနမ်းပြီးမျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားတယ်။နှုတ်ခမ်းလေးကိုနမ်းချင်ပေမဲ့အိပ်ပျော်နေတဲ့သူကိုအခွင့်အရေးမယူချင်တော့တာ။အဲ့တာကကြားကောင်းအောင်ပြောတာပါ။အမှန်တော့စိတ်မထိန်းနိုင်မှာစိုးတာ။chanyeolကတော့baekkieဘက်ကမစမချင်းဥပုသ်စောင့်ဖို့ဆုံးဖြတ်ထားတဲ့ပုံပါပဲ။
YOU ARE READING
အတ္တဆန်စွာချစ်ခွင့်ပေးပါ
Fanfictionဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu