အပိုင်း-၆

3.9K 283 5
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၆

အဖြူရောင်နံရံနဲ့အဖြူရောင်ကြွေပြားကနေအဖြူရောင်မီးလုံးကအလင်းရောင်ရဲ့အလင်းပြန်မှုကြောင့်ညလို့မထင်ရလောက်အောင်လင်းထိန်နေလွန်းတယ်။

အိမ်အလယ်ကလမ်းကြီးရဲ့အဆုံးမှာဝရံတာလေးတစ်ခုရှိတယ်။ဝရံတာတွေကတစ်ခုနဲ့တစ်ခုမဆက်ထားတော့လမ်းအကျယ်အတိုင်းသာရှိတယ်။ဝရံတာပေါ်မှာတော့ကျောက်သားတွေနဲ့လုပ်ထားတဲ့စားပွဲခုံတစ်လုံးနဲ့ထိုင်ခုံလေးနှစ်ခုံရှိတယ်။အရှေ့တည့်တည့်ကိုကြည့်ရင်ရေကူးကန်ရဲ့ဖြူဖွေးနေတဲ့ရေပြင်လေးကိုတွေ့ရလိမ့်မယ်။သူများတွေကရေကူကန်ကိုအပြာရောင်ထားကြပေမဲ့beakkieရဲ့ထူးဆန်းတဲ့စိတ်လေးကတော့ရေကူးကန်ကိုအဖြူရောင်အဖြစ်ပြောင်းသွားစေတယ်။

beakkieခုံလေးမှာထိုင်ရင်းကောင်းကင်ကြီးကိုငေးနေတယ်။ဘေးနားမှာchanyeolရောက်နေတာကိုသတိထားမိပုံမပေါ်ဘူး။ကော်ဖီနှစ်ခွက်ကိုကိုင်လာတဲ့chanyeolဟာခုံမှာဝင်မထိုင်သေးဘဲပတ်ဝန်းကျင်ကိုကြည့်နေမိတယ်။နေ့ပိုင်းကထက်တောင်များပြားလှတဲ့အဖြူရောင်တွေဟာအိမ်ထဲတင်မကဘူးခြံထဲမှာပါအပြည့်။သူ့ကိုယ့်သူအိမ်ဖြူတော်ရောက်သွားသလားတောင်မှတ်တယ်။

*chanyeolဟာအပြင်ပိုင်းအဖြူရောင်တွေကိုသူမြင်နေခဲ့ပေမဲ့baekkieရဲ့စိတ်ဓာတ်အဖြူရောင်လေးကိုတော့သူဟာမမြင်ချင်ယောင်ဆောင်နေခဲ့တယ်*

chanyeolကျောက်စားပွဲပေါ်ကော်ဖီခွက်လေးချပေးလိုက်တော့"တောက်"ဆိုတဲ့အသံလေးနဲ့အတူbaekkieလှည့်ကြည့်လာတော့

yeol:ကော်ဖီဖျော်လာပေးတယ်။သောက်လိုက်ဦး

ပြောရင်းchanyeolခုံမှာဝင်ထိုင်လိုက်တယ်

baek:ကော်ဖီမကြိုက်ဘူး။ပြီးတော့မသောက်ဖူး

baekkieရဲ့လူမှုရေးနားမလည်တဲ့စကားကြောင့်chanyeolမျက်မှောင့်ကျုံ့လိုက်မိတယ်။မကြိုက်လို့မသောက်ရင်တောင်ဖျော်လာပေးတဲ့လူကိုအားနာသင့်တယ်။

yeol:ကိုယ့်ကကြိုက်မယ်ထင်လို့ဖျော်လာလိုက်တာ

baek:chanyeol shiကြိုက်လား

အတ္တဆန်စွာချစ်ခွင့်ပေးပါDonde viven las historias. Descúbrelo ahora