အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၇baekkie သူ့ရဲ့အားနဲ့ရုန်းနေပေမဲ့ အရာမထင်။chanyeolက အစတုန်းကတော့ လက်မောင်းကိုချုပ်ထားရုံဆိုပေမဲ့ အခုတော့ တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ထားတာမို့လို့ baekkieရဲ့ခန္ဓာကိုယ်သေးသေးလေးက chanyeolရဲ့ရင်ခွင်ကျယ်ကြီးထဲမှာမြုပ်နေတယ်။baekkieကအတင်းရုန်းနေတာ့
yeol:မင်းငြိမ်ငြိမ်နေမလားမနေဘူးလား
သူ့ဒေါသတွေပြေဖို့တောင်baekkieကငြိမ်ငြိမ်နေပေးရမယ်ပေါ့။
baek:ဘာလို့နေရမှာလဲ
chanyeol baekkieလက်နှစ်ဖက်ကိုသူ့လက်တစ်ဖက်ထဲနဲချုပ်လိုက်ပြီးတော့အခန်းထဲသွားဖို့ပြင်လိုက်တယ်။
se:chanyeol hyung
Lu:baekkie
အချိန်ကိုက်ရောက်လာတဲ့ sehunနဲ့Luhanကြောင့် chanyeolလက်ကိုလွှတ်လိုက်တယ်။baekkieကလည်း အခုမှ မုဆိုးလက်ထဲက လွတ်သွားတဲ့သားကောင်လို ပျော်သွားတယ်။မဟုတ်ရင် သူ့ဘဝတော့ တွေးတောင်မတွေးရဲတော့ဘူး။chanyeol အဲ့လောက်အထိ အားသုံးမယ်လို့လည်း မထင်ထားဘူးလေ။လုံးဝကိုရုန်းမရခဲ့တာ။
se:မင်းတို့ကလည်းကွာ။ဒီနေ့ပဲလက်ထပ်တယ်။ဒီနေ့ပဲရန်ဖြစ်တာလား။သိပ်တော့မဟုတ်သေးဘူးနော်
Luhanကbaekkieကိုတွဲရင်း
Lu:ရန်ဖြစ်သံကြားလို့အပေါ်တက်လာတာ။ထင်တဲ့အတိုင်းပဲ
se:တော်တော့ရန်မဖြစ်နဲ့တော့အိပ်ရအောင်
'တောက်'
chanyeolဘာမှမပြောဘဲ တောက်တစ်ချက်သာခေါက်ပြီး အခန်းထဲဝင်သွားတယ်။ဒေါသထွက်မထွက်တော့မသိ။တံခါးတောင်ပိတ်သွားတာဒုန်းခနဲပဲ။
se:အခန်းထဲသွားရအောင်baekkie
baekkieခေါင်းငြိမ့်ပြလိုက်တယ်။ပြီးတော့ သုံးယောက်သား အခန်းထဲဝင်သွားတယ်။အခန်းထဲရောက်တော့ Luhanနဲ့baekkie ကုတင်ပေါ်မှာထိုင်ပြီး Luhanက baekkieစိတ်ငြိမ်သွားအောက်လုပ်ပေးနေတယ်။sehunကတော့ ခုံပေါ်မှာရှိတဲ့ရေဘူးထဲကရေကိုငှဲ့လိုက်ပြီး baekkieကိုလာတိုက်တယ်။
မိန်းကလေးတစ်ယောက်အတွက် ဒီကိစ္စက ဘယ်လောက်တောင်လန့်သွားမလဲဆိုတာ sehunနားလည်တယ်။အမှန်တော့ chanyeolနဲ့baekkieရန်စဖြစ်ကတည်းက sehunနဲ့Luhanရောက်နေတာပါ။အစကတော့ စကားနဲ့ပဲရန်ဖြစ်တာထင်ပြီး ဝင်မပါခဲ့ပေမဲ့ တဖြေးဖြေးနဲ့ chanyeolရဲ့အပြုအမူကြောင့် နှစ်ယောက်သားဝင်တားလိုက်ခြင်းပင်။မဟုတ်ရင် မဖြစ်သင့်တာတွေဆက်ဖြစ်တော့မှာလေ။
ESTÁS LEYENDO
အတ္တဆန်စွာချစ်ခွင့်ပေးပါ
Fanficဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu