အပိုင်း-၃၁

4.5K 312 12
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၃၁

အရာအားလုံးဟာ ပုံမှန်အတိုင်းပြန်ဖြစ်နေပါပြီ။သုံးနှစ်ဆိုတဲ့အတိုင်းအတာက နဲတယ်လည်းမဆိုသလို များတယ်လည်းပြောမရပါဘူး။chanyeolကလည်း ကုမ္ပဏီကို ဆက်ပြီး ဦးစီးနေသလို baekkieဟာလည်း သူ့သမီးလေးနဲ့ အဆင်ပြေနေပါတယ်။ကလေးလေးနာမည်က yeollieတဲ့။ကလေးနာမည်မှာတောင်ဒbaekkieက သူ့နာမည်ထက် chanyeolရဲ့နာမည်လေးကို ဦးစားပေးထည့်ထားကတည်းက baekkieဟာ chanyeolကိုအရမ်းချစ်ကြောင်း သိသာလွန်းပါတယ်။yeollieလေးကလည်း chanyeolရဲ့သမီးလို့အထူးမေးစရာမလိုအောင်ကိုတူလွန်းတယ်။beakkieနဲ့တောင် မတူဘူး။

baekkieကတော့ မိဘမဲ့ဂေဟာလေးမှာပဲနေရင်း yeollieလေးကိုမွေးခဲ့တယ်။စစရောက်တုန်းကတော့ chanyeolကို သတိရလို့ ဘာမှမစားမအိပ်ပဲနေတဲ့နေတဲ့အပြင် ကိုယ်ဝန်နဲ့ဆိုတော့ပိုဆိုးသွားတယ်။ကိုယ်ဝန်တောင်လပျက်ကျမလိုဖြစ်သွားတော့မှ baekkieက ကလေးကိုဂရုစိုက်လာတယ်။ကလေးမွေးပြီးတော့ မျဘမဲ့ကျောင်းက ကလေးတွေအပြင် ရွာမှာနေကြတဲ့ကလေးတွေကိုပါ စာသင်ပေးလိုက် ကလေးထိန်းလိုက်နဲ့ သူဘဝလေးကို အေးချမ်းစွာဖြတ်သန်းခဲ့တယ်။ဒါပေမဲ့ chanyeolကိုသတိရတဲ့စိတ်၊လွမ်းတဲ့စိတ်ကတော့ လုံးဝကိုမေ့ထားခဲ့လို့မရတာကတော့အမှန်ပါ။

yeollieကတော့ သူ့အဖေကို တစ်ခါမှမမေးဖူးပါဘူး။baekkieက appaအကြောင်းမသိချင်ဘူးလားလို့မေးရင်တောင်

'yeollieမှာommaရှိရင်ပြည့်စုံပါပြီ'

လို့ပြန်ဖြေတတ်တဲ့ကလေးပါ။baekkieမိဘမဲ့ဂေဟာကိုလာခဲ့တာဟာ yeollieအတွက် ကောင်းတာလားဆိုးတာလားဆိုတာ မသဲကွဲခဲ့ဘူး။ဘာလို့လဲဆိုတော့ မိဘမဲ့ဂေဟာက ကလေးတွေက မိဘနှစ်ပါးလုံးမရှိတော့တဲ့လူတွေလေ။ဒါပေမဲ့ yeollieမှာကတော့ သူ့အမေရှိနေသေးတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တဲ့ပုံစံပါပဲ။baekkieကလည်း chanyeolနဲ့ပက်သက်ခဲ့တဲ့ အမှတ်တရတွေမှာ ပျော်ရွှင်စရာမရှိခဲ့တော့ ကလေးစိတ်ထိခိုက်မှာစိုးလို့မပြောပြခဲ့ဘူး။

*သေချာတာကတော့yeollieဟာသူ့အဖေကိုမခင်တွယ်တဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်*

bနေkkieထွက်သွားပြီး နောက်တစ်နေ့မှာ ရှေ့နေနဲ့ကွာရှင်းစာချုပ်တစ်ရွက် chanyeolဆီရောက်လာခဲ့ပါတယ်။တစ်ရွက်က yoonaနဲ့လက်ထပ်မယ်ဆိုတုန်းက baekkieပေးခဲ့ပြီးသားဆိုတော့ အခုတစ်ရွက်က baekkieဆီမှာ ကျန်ခဲ့တဲ့တစ်ရွက်ပါ။ကုမ္ပဏီကို သူ့ကိုပဲဆက်အုပ်ချုပ်ခိုင်းပြီး baekkieမိဘတွေရဲ့ အမွေတွေအားလုံးကိုလည်း chanyeolကိုပဲလွှဲပေးခဲ့တယ်။chanyeolကတော့ baekkieကိုလိုက်ရှိနေသလို Luhanကလည်း လိုက်ရှာနေပါတယ်။အိမ်ထဲကနေ အိမ်ပြင်ကိုတောင်မထွက်တဲ့ baekkieဟာ ဘယ်မှာသွားနေနေလဲဆိုတာ ခန့်မှန်းရခက်လွန်းနေခဲ့တယ်။သိတဲ့လူကတော့ ကားdriverတစ်ယောက်ပဲရှိပါတယ်။သူလိုက်ပို့ပေးခဲ့တာကို။ဒါပေမဲ့ ကားdriverကလည်း ရွာပြန်သွားတဲ့အပြင် chanyeolကိုယ်တိုင်လိုက်မေးတာတောင် လုံးဝပြန်မဖြေခဲ့ဘူး။Luhanကိုတောင် မပြောပြခဲ့ပါဘူး။aekkieအိမ်မှာမရှိတော့ Luhanကလည်း sehunအိမ်မှာသွားနေဖြစ်တယ်။ထမင်းချက်အဒေါ်ကြီးကလည်း baekkieပြန်လာမှ အလုပ်ပြန်လုပ်မယ်ဆိုပြီး ဇာတိပြန်သွားတယ်။အဖြူရောင်အိမ်တော်ကြီးထဲမှာ chanyeolတစ်ယောက်တည်းနေခဲ့တာဟာ baekkieထွက်သွားကတည်းပင်။ဒါပေမဲ့ chayeolဟာ baekkieကို အခုထိရှာနေတုန်းပဲ။သူရှာနေတာဟာ ကလေးကြောင့်လား baekkieကိုလား ဆိုတာကတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။

အတ္တဆန်စွာချစ်ခွင့်ပေးပါOù les histoires vivent. Découvrez maintenant