အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၄၁baekkie hotelရောက်တော့chanyeolနှုတ်ခမ်းစွန်းလေးကိုဂွမ်းလေးနဲ့ဆေးထည့်ပေးနေတယ်။krisထိုးလိုက်တာကြောင့်နှုတ်ခမ်းပေါက်သွားတာကိုးး
baekkieကတော့ပြန်လာကတည်းကမျက်နှာမကောင်းပေ။သူ့ကြောင့်ဒီလိုဖြစ်သွားတာလေ
yeol:စိတ်မကောင်းမဖြစ်ပါနဲ့baekkieရယ်။baekkieခံစားခဲ့ရတာတွေနဲ့ယှဉ်ရင်ကိုယ်ခံစားရတဲ့ဒဏ်ရတွေကပါးပါးလေးပဲရှိပါသေးတယ်
baek:baekkieကyeolကိုအရမ်းချစ်ခဲ့တာမို့လို့yeolလုပ်ရက်တွေကိုဘယ်တုန်းကမှအပြစ်မမြင်ခဲ့ဖူးဘူး။yeolထားခဲ့နေရာမှာbaskkieနေခဲ့သလိုyeolဖြစ်ချင်သလို၊yeolစိတ်ချမ်းသာမယ်ဆိုရင်baekkieအားလုံးကိုလုပ်ပေးချင်ခဲ့တာ။baekkieခံစားခဲ့ရရင်တောင်yeolပျော်သွားတာမြင်ရင်baekkieကိုယ့်ကိုယ်ကိုမျက်ရည်တွေကြားထဲကနေချီးကျူးနေခဲ့တာ...
baekkieပြောရင်းမျက်ရည်တွေစီးကျလာခဲ့တယ်။
baek:ဒါပေမဲ့...ဒါပေမဲ့ baekkieစွန့်လွှတ်ခဲ့တာတွေအားလုံးက yeolကို သူများမုန်းစေချင်လို့မှမဟုတ်တာ။ကိုယ်ချစ်တဲ့သူ အလိုကျနေပေးခဲ့တာကို ဘာလို့ သူတို့က yeolကိုပဲ အပြစ်နေကြရတာလဲဟင်။အမှန်ဆို baekkieကြောင့်ဆိုတာ သူတို့သိရက်နဲ့...baekkie yeolကို အတင်းလက်ထပ်ထားလို့ ဒီလိုတွေဖြစ်နေတာမှန်း သူတို့သိရက်နဲ့...ဘာလို့...ဘာလို့yeolကိုပဲ အပြစ်နေကြရတာလဲဟင်။baekkie yeolကိုချစ်တယ်။အတိုင်းအဆမရှိအောင် ချစ်နေတာမို့လို့ အတိုင်းအဆမရှိအောင် yeolအတွက်ပေးဆပ်ချင်တာ။အဲ့ဒါက baekkieပေးဆပ်နေတာတွေလေ။ကာယကံရှင်ဖြစ်တဲ့ baekkieတောင် ဘာမှမဖြစ်တာကို သူတို့က…ဘာလို့....
chanyeol baekkieကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်မိတယ်။အခုချိန်ထိ baekkieဟာ သူ့ကိုအပြစ်မမြင်ခဲ့ဘူး။သူ့ဘက်ကနေ နာပေးနေတဲ့သူတွေကိုတောင် baekkieက စိတ်ဆိုးနေသေးတာ။chanyeolကို krisကော taoကောက မကျေနပ်လို့ဒီလိုလုပ်ကြောင်း၊ sehun,Luhan,kaiနဲ့sooတို့ကလည်းသူ့ကိုမကျေနပ်၍ ပြန်ရောက်ရင်ပြဿနာရှာဦးမည်ဖြစ်ကြောင်း baekkieအကုန်လုံးကိုသိခဲ့ရပြီး စိတ်ဆိုးနေခြင်းပင်....။
အဲ့ဒါကြောင့်ပြောတာပေါ့baekkieဟာchanyeolနဲ့yeollieကလွဲရင်ဘယ်သူ့အပေါ်မှလူမှုရေးနားမလည်တတ်သောသူပင်...။
YOU ARE READING
အတ္တဆန်စွာချစ်ခွင့်ပေးပါ
Fanfictionဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu