အပိုင်း-၂၁

3.3K 241 4
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၂၁

၂နှစ်ခန့်ကြာသော်

se:hanလေးဒီဝတ်စုံလေးကောဘယ်လိုလဲ

အဖြူရောင်သတို့သမီးဝတ်စုံရင်ပြတ်လေးကိုကြည့်ရင်းsehun Luhanကိုမေးလိုက်တယ်။

Lu:hunလေးကြိုက်လို့လား

se:innဒါလေးရိုးရိုးလေးနဲ့လှတယ်။hanလေးနဲ့ဆိုအရမ်းလိုက်မှာ

ဝန်းထမ်း:စမ်းဝတ်ကြည့်လို့ရပါတယ်

se:hanလေးဝတ်ကြည့်ပါလား

Lu:inn

ဝန်ထမ်း:ဒီဘက်ကိုကြွပါရှင်

အရောင်းဝန်ထမ်းမလေးရဲ့ခေါ်ဆောင်ရာကိုLuhanလိုက်သွားတယ်။sehunဘေးနားကဆိုဖာခုံပေါ်မှာထိုင်ပြီးစောင့်နေတယ်။

ဘာလိုလိုနဲ့ သူတို့တွေအားလုံး ကျောင်းပြီးသွားကြပြီ။sehunနဲ့Luhanက ကျောင်းပြီးပြီးချင်းပဲ လက်ထက်တော့မှာမို့လို့ မင်္ဂလာဝတ်စုံလာရွေးခြင်းပင်။

chanyeolနဲ့baekkieတို့ရဲ့ အဖြစ်အပျက်တွေကြောင့် ပိုပြီးအဆင်ပြေလာတာက sehunနဲ့Luhan။တစ်ယောက်နဲ့တစ်ယောက်
်ပိုပြီးချစ်လာကြတယ်။နားလည်ပေးလာကြတယ်။ခွင့်လွှတ်ပေးလာကြတယ်။ကိစ္စတစ်ခုကို တိုင်တိုင်ပင်ပင်နဲ့လုပ်လာကြတယ်။လျှို့ဝှက်ချက်တွေမထားကြဘူး။တစ်ယောက်မကြိုက်တဲ့ဟာကို နောက်တစ်ယောက်က ပြင်ပေးလာကြတယ်။လူတွေလည်း ရင့်ကျက်လာသလိုတည်ငြိမ်လာကြတယ်။

chanyeolနဲ့baekkieကတော့ အခုချိန်ထိ အဆင်မပြေကြသေးပါဘူး။chanyeolကလည်း baekkieကို အမြင်မကြည်သေးသလို baekkieကလည်း စိတ်အခြေအနေအရ ကောင်းချင်ရင်ကောင်းတယ်။မကောင်းချင်ရင် မကောင်းဘူးဆိုတော့ အကြောင်းအရင်းကိုမသိတဲ့ chanyeolအတွက်ကတော့ လက်ခံဖို့ခက်ခဲ့တဲအခြေအနေဖြစ်နေတယ်။baekkieရဲ့ရောဂါကတော့ chanyeolနဲ့yoonaပက်သက်မှုမရှိတာကြောင့် အခြေအနေကောင်းလိမ့်မယ်လို့ ဆရာဝန်တွေမျှော်လင့်ထားပေမဲ့ အခြေအနေဆိုးလာတဲ့baekkieကြောင့် ဆရာဝန်တွေလည်း ကြံရာမရဖြစ်နေတယ်။တစ်ခါတစ်လေဆိုရင် တစ်နေ့ထဲမှာတင် စိတ်သုံးမျိုးပြောင်းလဲနေတတ်တော့ Luhanလည်း အကြံအိုက်နေတယ်။

အတ္တဆန်စွာချစ်ခွင့်ပေးပါWhere stories live. Discover now