အပိုင်း-၄၂

4.5K 276 7
                                    

အတ္တဆန်စွာချစ်ခွင့်ပေးပါ
အပိုင်း-၄၂

chanyeolသူအခန်းထဲရောက်တော့မှငိုချမိတယ်။သူ့သမီးကတောင်ခွင့်မလွှတ်နိုင်လောက်အောင်သူ့အပြစ်တွေကအရမ်းများနေခဲ့တာလား။ဒါပေမဲ့သူbaekkieကိုတကယ်ချစ်တာပါ။အဲ့ဒါလေးတော့သူတို့တွေကိုယုံပေးစေချင်တယ်။

chanyeolအိပ်ယာပေါ်လှဲချလိုက်တယ်။နူးအိနေတဲ့မွေ့ယာသားဟာသူ့တစ်ကိုယ်လုံးကိုစိမ့်ဝင်သွားစေနိုင်တယ်။သို့ပေမဲ့သူ့ရဲ့စိတ်အစဉ်ကတော့အဲ့ဒီကိုစိတ်မရောက်နိုင်ပေ။chanyeolမျက်လုံးကိုမှိတ်ချလိုက်တော့မျက်ဝန်းမှာဝဲနေတဲ့မျက်ရည်ကြည်တို့ဟာမွေ့ယာပေါ်ကိုကျသွားခဲ့တယ်။ပြီးတော့စိမ့်ဝင်သွားတယ်။ထပ်ပြီးတော့မျက်ရည်တွေဟာကျဆင်းလာခဲ့တယ်။ဒီတစ်ခါကတော့တစ်စက်နှစ်စက်မဟုတ်တော့။သူထိန်းထားသမျှမျက်ရည်တွေအားလုံးကိုမွေ့ယာပေါ်သို့စီးဆင်းလိုက်စေတယ်။

baekkieသူ့ကြောင့်ငိုခဲ့ရတာတွေနဲ့ယှဉ်ရင်သူငိုနေတာဟာပါးပါးလေးပဲရှိပါသေးတယ်။ဒါကြောင့်သူ့မျက်ရည်တွေကိုလွတ်လပ်စွာစီးဆင်းခွင့်ပြုလိုက်တယ်။ခနနေတော့chanyeolအိပ်ပျော်သွားတယ်။

baekkie yeollieနဲ့အတူအိပ်ယာပေါ်မှလှဲနေတယ်။baekkieမျက်နှာမကောင်းဘူး။yeollieကိုလဲမဆူရက်သလိုchanyeolခံစားနေရတာကိုလဲမကြည့်ရက်ဘူး။baekkieကြားထဲကနေစဉ်းစားရကြပ်နေတယ်။ပြသနာအရင်းခံဟာသူကနေစနေတာမို့လို့baekkieဘာလုပ်ရမှန်းမသိတော့ဘူး။

baek:သမီးလေးဘာလို့appaကိုဒီလိုပြောရတာလဲ

yeollie:ommaကyeollieကိုဆူမလို့လား

chanyeolပေးထားတဲ့ဂျယ်လီအပျော့လေးတွေကိုဝါးရင်းyeollie baekkieကိုမော့ကြည့်လိုက်တယ်။baekkieဆူတော့မယ်ထင်ပြီးမျက်ရည်လေးတွေဝဲနေတယ်။

baek:ommaမဆူပါဘူး။ဒါပေမဲ့ဒီလိုလုပ်ရတဲ့အကြောင်းအရင်းကိုတော့ommaသိချင်တယ်

yeollie:omma...omma appaကိုခွင့်လွှတ်လွန်းတယ်။ချစ်လွန်းတယ်ဆိုတာommaကိုယ်တိုင်လည်းသိတယ်မဟုတ်လား

baek:inn omma yeollie appaကိုချစ်တယ်

yeollie:ဒါပေမဲ့omma...လွယ်လွယ်ရတဲ့ပစ္စည်းတစ်ခုကို ဘယ်သူကမတန်ဖိုးမထားဘူး။ommaအချစ်က appaအတွက် အရမ်းလွယ်လွယ်ရလွန်းနေတယ်။ommaက appaကိုစိတ်လည်းစိတ်မဆိုးတော့ appaက သူလုပ်ချင်ရာလုပ်တယ်။ommaခံစားချက်ကို ထည့်မတွက်ဘူး။ဘာလို့အဲ့လိုလုပ်လဲသိလား။ommaကိုပြန်တောင်းပန်ရင် ommaက လွယ်လွယ်လေးပဲပြန်ခွင့်လွှတ်ပေးမယ်ဆိုတာ သိလို့ appaက ဂရုမစိုက်တာပဲ။appaကိုommaက ချစ်မှန်းသိတော့ ငါဘာလုပ်လုပ် baekkieက ငါ့ကိုဘာမှပြောမှာမဟုတ်ဘူးဆိုတဲ့အသိက appaခေါင်းထဲကိုရိုက်သွင်းနေတယ်။ommaရဲ့အချစ်ကိုရဖို့အတွက် အရမ်းကိုလွယ်လွန်းနေတယ်။ပြဿနာက အဲ့ကနေစတာပဲomma။မဟုတ်ရင်ommaနဲ့yeollieတို့ မိဘမဲ့ဂေဟာရောက်ခဲ့မှာ မဟုတ်ဘူး။ommaကိုထည့်မတွက်ရင်တောင် yeollieမျက်နှာထောက်ပြီး ဒေါ်လေးyoonaနဲ့ပက်သတ်ခဲ့မှာမဟုတ်ဘူး။ဒါပေမဲ့ appaက yeollieမျက်နှာတောင်မထောက်နိုင်ဘဲ၊ မိန်းမနဲ့ကလေးကိုပစ်ပြီး ရည်းစားဟောင်းဆီသွားတာက ဖြစ်သင့်ရဲ့လား။omma appaကိုလွယ်လွယ်ပြန်လက်ခံခဲ့ပေမဲ့ yeollieကတော့ လက်မခံဘူး။ommaစိတ်ဆင်းရဲမှာကို မကြည့်ရက်လို့yeollie appaဖန်တီးတဲ့ဇာတ်ရုပ်ထဲ လိုက်ကခဲ့ပေးတာ။yeollieအတွက်တော့ appaလည်းဂရုမစိုက်ဘူး။မာနထားတယ်။appaတောင် yeollieတို့ကိုဂရုစိုက်ခဲ့လို့လား။yeollieလည်း ဂရုမစိုက်ဘူး။အနည်းဆုံးတော့ yeollieက appaကို လွယ်လွယ်ပြန်လက်မခံခဲ့တာကြောင့် ဒီလိုနဲ့တူတဲ့အဖြစ်မျိုး appaလွယ်လွယ်ထပ်လုပ်မှာ မဟုတ်တော့ဘူး။yeollie ommaနဲ့appaကို ဒီလိုအဖြစ်မျိုး ထပ်မကြုံစေချင်တော့ဘူး။နောက်တစ်ခါထပ်ကြုံရရင် yeollieရူးသွားလိမ့်မယ်

အတ္တဆန်စွာချစ်ခွင့်ပေးပါDove le storie prendono vita. Scoprilo ora