"Sehunna ... Yeol နဲ့ရင်းနှီးတယ်မှတ်လား
သူ့ကို ဒီစာလေးပေးပေးပါလား ကူညီပါနော်"ရှက်သွေးဖြာနေကာ ခေါင်းလေးငုံ့၍ ဖိနပ်ထိပ်လေးနှင့် ကြမ်းပြင် မထိတထိတို့နေပြီး
မသိလျှင် မိမိအား စာပေးနေ သလိုပင်။
သို့သော် ကိုယ်မဟုတ်သည့် တစ်ခြားသူအမည်အား သူမတသည်။
သူမအား နုတ်နုတ်စင်းပြစ်ချင်သည့် ဒေါသကိုပြန်မျိုချရင်း ကိုယ့်မူပိုင် မျက်လုံးများပိတ်သွားသည့်အထိပြုံးပြလိုက်သည့် ဟန်ဆောင်အပြုံးတစ်ပွင့်နှင့်အတူ သူမလက်ထဲမှစာကို ဆွဲယူလိုက်ပြီး"Ok ကိုယ်ပေးပေးမယ်"
ခေါင်းတွေငုံ့ကာအရိုအသေပေးလိုက်ကျေးဇူးတင်ကြောင်းပြောလိုက်လုပ်နေသောသူမ ကို Sehun အရှေ့မှ မြန်မြန်ပျောက်စေချင်မိသည်။
တက်ကြွသည့်ခြေလှမ်းများနှင့် အပျော်လုံးဆို့ကာ ထွက်သွားသည့်သူမ ကို Sehun တစ်ချက်ကြည့်ရင်း
~ ကျပ်မပြည့်တဲ့မိန်းမ..သူက မင်းလို အတန်းအစားမျိုးကိုလက်ခံမတဲ့လား~
တစ်စစီပြဲသွားသော စာရွက်အပိုင်းအစလေးများ နှစ်ထပ်ဆောင်ကော်ရတာပေါ်မှ အောက်သို့ လေနှင့်အတူပါသွားသည်။
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
အတန်းဝင်လာသည်နှင့် ကျက်သရေအတုံးဆုံးမြင်ကွင်းက ဆီးကြိုနေသည်။
Chanyeol ဘေးနား မိမိအပိုင်စားထားသည့်ထိုင်ခုံတွင် အသင့်ထိုင်နေသောမိန်းကလေးတစ်ယောက်
Chanyeol ရင်ခွင်ထဲပုန်းနေ၍မျက်နှာတော့မမြင်။
သို့သော် မမြင်ရသည့်ထိုမျက်နှာကို သွားကျွတ်ထွက်အောင် ပိတ်ထိုးပြစ်ချင်မိသည်အထိတော့ မေတ္တာရှိသည်။Chanyeol အခုမှ ဘေးတွင် အတောင့်လိုက်ရပ်နေသည့်မိမိအား မြင်ဟန်နှင့်
"Hun..တစ်နေရာရာမှာ ပြောင်းထိုင်လိုက်နော်ခုံရှာပေးစရာတော့မလိုဘူးဟုတ်"
YOU ARE READING
အချစ်ရူး [Completed]
Fanfictionအချစ်နဲ့ အတ္တကတိတွေကြား လွန်ဆွဲနေတဲ့ ကိုယ်ဟာ....... အချစ်ရူး ChanHun_DreamLand🔥💨