Chapter-13
3.9K 370 24
မူလတန်းအရွယ်​ အ​ပေါင်းအသင်းခုံမင်​ကာ ​ဆော့ကစားခြင်းခင်​တွယ်​၍ စကားအ​တော်​များသည့်​အရွယ်​တွင်​ တစ်​ကိုယ်​တည်း ​ချောင်​​ကောင်း​ကောင်းတွင်​ ခို​အောင်း​နေတတ်​သည့်​ ဖြူဖြူသွယ်​သွယ်​​ကောင်​​လေးအား Chan သတိထားမိသည်​။
လက်​ညှိုးဝိုင်းထိုးကာ နိုင်​ထက်​စီးနင်းပြုကြသည့်​ သူများကို မတုန့်​ပြန်​ ​ခေါင်းငုံ့ခံစမြဲမို့်​ သူ့အစား Chan အသည်းယားမိသည်​။
ကိုယ်​ထိလက်​​ရောက်​ပါ ရန်​​ဆောင်​​လာသည့်​အခါတွင်​ ထို​ကောင်​​လေးအား အရိပ်​တကြည့်​ကြည့်​ စူးစမ်း​နေမိသည့်​ Chan မျက်​ကွယ်​မပြုနိုင်​။
အများနှင့်​ခွဲထွက်​ကာ ထိုသူ့ဘက်​မှ မားမားမတ်​မတ်​ရပ်​တည်​ခဲ့သည်​။
ဤသည်​မှာ Oh SeHun မည်သည့်​​​ထိုလူသားအား မြင်​မြင်​ချင်းခင်​တွယ်​မိသည့်​ မိမိ၏စွဲလန်းမှုအစ။
နှစ်​ဦးသား လက်​တွဲကာ အိမ်​ပြန်​လမ်းဝယ်​ ပန်းခြံထဲ၌ ဒန်းကိုယ်​စီ စီးကာ​ပျော်​မြူး​နေခိုက်​ ဖြူ​လျော်​​လျော်​ မွဲ​ခြောက်​​ခြောက်​ဖရိုဖရဲ၊ ဆီမရှိ၍ ပွလန်​​နေသည့်​ ​ဆံပင်​တစ်​သိုက်​နှင့်​ အမျိုးသမီးသည်​ Sehun လက်​ကို အကြမ်းပတမ်း​ ဆောင့်ဆွဲကာ မိမိအား ခါးခါးသီးသီးတစ်​ချက်​ကြည့်​ပြီး ကြိမ်း​မောင်းကာထွက်​သွားသည်​။
" ​ကျောင်းဆင်းရင်​ အိမ်​တန်းပြန်​လာလို့်​ မ​ပြောထားဘူးလား လူ​တွေဘယ်​​လောက်​​ကြောက်​ဖို့​ကောင်းမှန်း နင်​မသိဘူး
အဲ့တာ​ကြောင့်​​ နင့်ကို ​ကျောင်းမထားချင်​တာ
နင်​လည်း နင့်​အ​ဖေလိုပဲ အ​တောင်​စုံရင်​ ငါ့ရင်​ကိုခြေစုံကန်​​ပြေးမှာ "
အခန်းအတွင်း ​သောင်းကျန်းပြီးမှ ပြန်​ထွက်​သွားသည့်​ ထိုအမျိုးသမီးမမြင်​​အောင်​ ပုန်း​နေမိသည်​။ တိုက်ခန်းအိုတံခါးအား အသာဖွင့်​လိုက်​​တော့ ပွစာကျဲ​နေသည့်​ ဖရိုဖရဲ ​မှောင်မည်းမည်း​​အခန်းအ​ခြေအ​နေ​ကြောင့်​ တုန်​လှုပ်​မိသလို ထိုလူသား မည်​မျှ​ကြောက်​လန့်​​နေမည်​ကို​တွေးမိသည်​နှင့်​ စိုးထိတ်​ကာ အလျင်​စလိုရှာမိသည်​။
အချစ်​ရူး [Completed] حيث تعيش القصص. اكتشف الآن